Chapter - 4.1 [Uni+Zawgyi]

823 132 7
                                    

ယင်မင်ကျန်းမှာ အတောင်များ ဖမ်းချုပ်ခံထားရသော ငှက်တစ်ကောင်လိုပင်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ယင်မင်ကျန်းမှာ အတောင်များ ဖမ်းချုပ်ခံထားရသော ငှက်တစ်ကောင်လိုပင်။

သူ့လက်တွေဟာ ချုပ်နှောင်ခံထားရပြီး သူ့ခြေထောက်များပေါ်တွင် အလေးချိန် တန်ပေါင်းများစွာ ရှိနေသည်။ ထွက်ပြေးဖို့မဆိုနှင့် ထပင်မထနိုင်ပေ။

ဒါပေမယ့် သူ လက်မလျှော့ခဲ့ပါဘူး။

သူရဲကောင်းကြီးဟာ ရှီချင်း၏အောက်တွင် သူ့လွတ်လမ်းအတွက်လူးလွန့်ရင်း ရုန်းကန်နေခဲ့သည်။

ထိုင်ထနိုင်ဖို့ သူဟာ ဆက်လက်ကြိုးစားလုပ်ဆောင်နေဆဲပါ။ မထိုင်နိုင်ဘဲ ကုတင်ပေါ် လဲကျသွားသည့်တိုင် နောက်တစက္ကန့်မှာပဲ ထပ်မံကြိုးစားနေခဲ့သည်။

ထို့ကြောင့် ရှီချင်းသည် သူ့အကြိုက်နှင့်ကိုက်ညီသည့် ထို‌ယောကျာ်း၏ရင်ဘက်ကြွက်သားများက သူ့မျက်နှာစီသို့ ထပ်ကာထပ်ကာနီးကပ်လာသည်ကို ရှေ့တန်းမှထိုင်ကြည့်နေရသကဲ့သို့ ကွက်ကွက်ကင်းကင်းမြင်နေရလေသည်။

[ဒါက သိပ်ကိုရှင်းလင်းထင်ရှားတဲ့ ပျားရည်ထောင်ချောက်လေးတစ်ခုပဲ။] သူသည် သူ၏ မေးခွန်းထုတ်စရာ ဝေါဟာရကို စနစ်ဖြင့် ကျင့်သုံးခဲ့သည်။  [သူက ငါ့ကို သူ့ရဲ့ ဆွဲဆောင်မှုအရည်အချင်းတွေပြသ‌နေတာပဲ။ ဟင်း ယောက်ျားတွေယောက်ျားတွေ]

System: ငါလေးဘာကိုမှမပြောချင်တော့ဘူး။

ရှီချင်းသည် ချောမောသောလူ၏နဖူးတွင် ချွေးများစတင်ထွက်ပေါ်လာသည်ကို ကြည့်နေခဲ့သည်။ ၎င်းကသူ့အသွင်အပြင်ကို ပိုမိုမိမိုက်သွားစေလေသည်။

"ခင်ဗျားကသိပ်ကိုကြည့်ကောင်းတာပဲ။" သူ့မျက်လုံးထဲရှိ လေးစားချစ်ခင်မှုကို ဖုံးကွယ်မထားနိုင်ပေ။ "ခင်ဗျားကအရမ်းကိုသန်မာပြီး လှလည်းလှတယ်။ ကျွန်တော်တို့ရဲ့ကလေးလေးလည်း ပြိုင်ဘက်ကင်းဖြစ်မှာ သေချာတယ်"

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now