Chapter - 15.1 [Uni+Zawgyi]

453 69 0
                                    

လဲ့ယိုယွမ်မှာ သူ့ကားကို လာဆွဲဖို့ တစ်ယောက်ယောက်ကို ခေါ်လိုက်တယ်။ သူသည် သူ၏ဆုံးရှုံးမှုအား ဝမ်းနည်းပူဆွေးနေပြီး အခြေခံလူ့ကျင့်ဝတ်မရှိသည့်အတွက် ယင်မင်ကျန်းအား ကျိန်ဆဲနေခဲ့သည်။ သူပြန်ဖို့ပြင်လိုက်စဥ် သူ့ဆီကနေ ခိုးယူသွားတဲ့ သူ့အချစ်လေးဟာ ဒေါသတကြီး ပြန်လာတာကို သူတွေ့လိုက်ရတယ်။

"ရှီချင်းလေး!!!"

လဲ့ယိုယွမ် အံ့သြသွားပြီး ကျေနပ်သွားခဲ့သည်။ သူမြန်မြန်ပဲသွား‌တွေ့ကာလိုက်တယ်။ မျက်နှာထက် ဒေါသတွေ ပြည့်နှက်နေတဲ့ Shi Qing ရဲ့ဘေး ဟက်စကီးခွေးကြီးတစ်ကောင်လို လှည့်ပတ်ရင်းမေးလိုက်သည်။ " အချစ်လေးဘာဖြစ်လို့ပြန်လာတာလဲ!!"

ရှီကျင်းက သူ့တံတောင်ဆစ်ကို ဆုပ်ကိုင်လိုက်သည်။ "ငါ အခု အိမ်ခြေယာမဲ့ ဖြစ်သွားပြီ။ ငါ့ကို မင်းအိမ်ခေါ်သွားပေးပါ။"

"ခေါ်သွားမယ် ခေါ်သွားပေးမယ်!"

လဲ့ယိုယွမ်၏ မျက်နှာပေါ်ရှိ အမူအရာသည် ကောင်းကင်ပေါ်မှ အသားမုန့်ကြီးပြုတ်ကျလာသဖွယ်ပင်။ သူ့နှုတ်ခမ်းများထပ် ကောက်ကျစ်သော အပြုံးတစ်ခုထွက်ပေါ်လာသည်။

ယင်မင်ကျန်းစခန်းမှ ထွက်သွားပြီး သူ့လက်အောက်ငယ်သား ချောင်ကျင့်ထံ ပြန်ခေါ်ဆောင်လာခဲ့သော ကလေးကို အပ်ထားခဲ့ကြောင်း ပထမဆုံး သိလိုက်ရသည့်အချိန်တွင် Le Youyuan သည် အကျင့်ယုတ်ချင်သော ရည်ရွယ်ချက်များ ပြည့်နေခဲ့သည်။ သူက ယင်မင်ကျန်း ရဲ့ ချစ်သူကို သူ့အနားမှာ ခေါ်ထားပြီး ယင်မင်ကျန်းအား ဦးထုပ်စိမ်း ဆောင်းပေးချင်ခဲ့တယ်။

သူ့ကို ဘယ်လို လှည့်စားရမလဲတောင် တွေးနေခဲ့တယ်။ သေချာတာပေါ့ သူရွေးလိုက်တဲ့နည်းက ပိုက်ဆံနဲ့မြှားဖို့ပါပဲ။

ယင်မင်ကျန်းအပြင်မှ ပြန်ခေါ်လာတဲ့ ကောင်လေးသည် ငယ်ရွယ်သည်ဟု သူကြားခဲ့သည်။ လောကီရေးရာများတွင် အတွေ့အကြုံမရှိသူဖြစ်နိုင်ဖွယ်ရှိသည်။ လက်ဆောင်အနည်းငယ်နဲ့ ချိုမြိန်တဲ့စကားလုံးတွေက သူ့ကိုဆွဲဆောင်ဖို့ လုံလောက်မှာပါ။

ရလဒ်ကတော့ လဲ့ယိုယွမ်သည် ရှီချင်းကို ပထမဆုံးအကြိမ်တွေ့တဲ့အခါ ထိတ်လန့်သွားခဲ့ရသည်။ ချောမောလှပသော မျက်နှာဆို အလွန်ကြိုက်နှစ်သက်တတ်သော ဤလူသည် ယခင်က သူ့အကြံအစည်အားလုံးကို လုံးဝစွန့်လွှတ်ခဲ့သည်။ သေသေချာချာဂရုတစိုက် ချော့မော့ကာသူ့အနားခေါ်ထားပြီးနောက် ရှီချင်းထံမှ မျက်နှာသာရရှိရန် သူ့တွင်ရှိသည့်အရာအားလုံးကို ပေးအပ်ချင်လာခဲ့သည်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now