Chapter - 9.2 [Uni+Zawgyi]

841 127 11
                                    

လောင်ဟွမ် ဆိုသူသည် သူနှင့်ရင်းနှီးသော ဆရာဝန်ဖြစ်သည်။ သူ့မှာ ရှားပါးသည့် ကုသနိုင်စွမ်းရှိတယ်။

အသင်းအတွက် အတွေ့အကြုံအရှိဆုံးဖြစ်သူ ကျန်းလျိုသည် လက်နှစ်ဘက်ကိုနောက်သို့ပို့ကာ ရှေ့သို့ တိုးသွားခဲ့သည်။ “တတိယတပ်မတော်ရဲ့ ဒဏ်ရာတွေကို အခုကုသနေပါတယ်” အလေးပြုပြီးပြန်လည်ပြောခဲ့သည်။

"ငါသူ့ကိုသွားရှာလိုက်ဦးမယ်။ မင်းတို့တွေအရင်အတိုင်းဖြစ်ပါစေ၊ ဒီညအစည်းအဝေးရှိမယ်။"

ထို့နောက် အေးစက်သောလူသည် သူ့ရင်ခွင်ထဲတွင် လူငယ်လေးနှင့်အတူ အခြေစိုက်စခန်းအတွင်းသို့ ၀င်သွားခဲ့သည်။ သူနှင့်ပိုစကားပြောနိုင်ရန်အခွင့်အရေးရှာနေသည့် ကျောက်မြောင်မြောင်ကိုပင် တစ်ချက်မျှမကြည့်ခဲ့ပေ။

စွမ်းရည်အသုံးပြုသူများ အုပ်စုသည် ၎င်းတို့၏ သူဌေး ထွက်ခွာသွားပြီးနောက်မှသာ ငြိမ်သက်သွားခဲ့သည်။ အများစုမှာ အများအားဖြင့် တက်ကြွသည့် အရွယ်ရောက်ပြီးသူများဖြစ်ပြီး ယခုအချိန်တွင် ၎င်းတို့၏သူဌေး ဘေးကင်းလုံခြုံစွာ ပြန်လာသည့်အတွက် အထူးစိတ်လှုပ်ရှားနေပါသည်။

"ဘော့စ်ကဘော့စ်ပါပဲ .. သူအဆင်ပြေမယ်ဆိုတာ ငါသိတာပေါ့!!"

"တစ်နည်းနည်းနဲ့ ဘော့စ်က အရင်ကထက် ပိုသန်မာပုံရတယ်။ ငါ့မှာ အာရုံခံနိုင်စွမ်းမရှိပေမယ့် သူပိုသန်မာလာတယ်ဆိုတာ ခံစားလို့ရတယ်။"

"ဟေ့ကောင်တွေ ဘော့စ်သယ်လာတဲ့လူက ဘယ်သူလဲ၊ ငါ သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး။"

လူတစ်ယောက်က အသေအချာထပြောသည်။ "အဲ့ဒါက ငါတို့မရီးလေး ပေါ့ဟ။"

အင်းဆက်များ ကျူးကျော်ဝင်ရောက်ပြီးနောက် လူသားမျိုးနွယ်သည် ပထမဆုံး ပြောင်းရွှေ့နေထိုင်မှုအတွင်း ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။ အားနည်းသော အမျိုးသား၊ အမျိုးသမီးများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့သည်။ အခြေစိုက်စခန်းကို ထူထောင်ပြီးနောက်တွင် အမျိုးသမီးများ ရှားပါးလာမှုကြောင့် အမျိုးသားအချို့သည် သူတို့ကိုယ်သူတို့ အမျိုးအစားထပ်ခွဲလိုက်ကြသည်။ ယောကျာ်းနှစ်ယောက်တွဲမြင်ရတာ သိပ်တော့မထူးဆန်းတော့ပါဘူး။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now