Chapter - 19.2 [Uni+Zawgyi]

467 68 0
                                    

'သေသည်' ဟုဟန်ဆောင်နေကြသော အင်းဆက်များသည် ကြောက်ရွံ့မှုကြောင့် ပြန်လည်ရှင်လန်လာကြသည်။

ခေါင်းဆောင်မှာ သိပ်ကိုကြောက်လန့်သွားတာကြောင့် သူ့လက်တွေကို တစ်ခုပြီးတစ်ခု ဖြတ်ပစ်တော့တယ်။

"အရှင် ကျွန်တော် ကျွန်တော်တို့ မင်းရဲ့တည်ရှိမှုအကြောင်း တခြားဘယ်မျိုးနွယ်ကိုမှ မပြောဖူးဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ၊ ခွင့်လွှတ်ပေးပါ!"

အဆင့်မြင့် အင်းဆက်များသည် လူသားများနှင့် ဆင်တူသည်။

သူတို့သည် အသိဉာဏ်ရှိပြီး ဉာဏ်ရည်လည်းမြင့်နိုင်ကြသည်။ ၎င်းတို့သည် အာဏာအတွက် တိုက်ပွဲဝင်ရန်နှင့် ၎င်းတို့၏မျိုးစိတ်များ၏ အခြားအဖွဲ့ဝင်များအား မဲဆွယ်ခြင်းများလည်း လုပ်ကြသည်။

အင်းဆက်များ ကမ္ဘာမြေကို စိုးမိုးနိုင်ရသည့် အကြောင်းရင်းမှာ ၎င်းတို့သည် အသိဉာဏ်မရှိ အမိန့်သာနာခံပြီး သတ်သေခိုင်းပါလျှင်တောင် လိုက်နာနိုင်သည့် မရေမတွက်နိုင်သော အဆင့်နိမ့် အင်းဆက်များကို အသုံးချခဲ့ခြင်းကြောင့် ဖြစ်သည်။

ရှေးရှေးတုန်းက သူတို့ရဲ့ဘိုးဘေးတွေဟာလည်း ဒီလိုသာမန်အဆင့်နိမ့် အင်းဆက်တွေပါပဲ။

အမွေဆက်ခံသည့်မှတ်ဉာဏ်အရ ၎င်းတို့သည် လွန်ခဲ့သောနှစ်ပေါင်း တစ်သိန်းက မြေပြင်ပေါ်တွင် တွားသွားသည့် ပိုးကောင်များသာဖြစ်သည်။ ၎င်းတို့၏ဂြိုလ်ပေါ်ရှိ အသိဉာဏ်ရည်ရှိသော သတ္တဝါအားလုံးသည် ပင်လယ်ထဲတွင် နေထိုင်ကြပြီး ဂြိုဟ်၏ ၉၅ ရာခိုင်နှုန်းက ပင်လယ်ရေဖြင့် ဖုံးလွှမ်းထားသည်။ ရေထဲတွင် အသက်ရှင်နိုင်စွမ်းမရှိသော သူတို့လိုအင်းဆက်များက အခြား 5% သောမြေပေါ်တွင်သာ နေထိုင်နိုင်ပြီး နောက်တစ်ရက် အသက်ရှင်နိုင်ရန် ကြိုးစားအားထုတ်ခဲ့ကြရသည်။

ထို့နောက်တွင်တော့ စက်ယန္တရားမျိုးနွယ် ရောက်လာခဲ့သည်။

အင်းဆက်များအားလုံးသည် ၎င်းတို့၏ အမွေဆက်ခံသည့်မှတ်ဉာဏ်မှ ထိုအချိန်ကို ပြန်လည်အမှတ်ရနိုင်သည်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now