Chapter - 20.1 [Uni+Zawgyi}

313 50 1
                                    

ကောင်းကင်အပြည့် စက်ရုပ်များသာမရှိရင် အင်းဆက်တွေက ပြန်တိုက်ခိုက်နိုင်သည်။ သို့သော်လည်း ရှီချင်းနှင့် ရှီချင်း၏လက်နက်များအား မဆန့်ကျင်ရဲသဖြင့် သူတို့ဘာမှပြန်မလုပ်ရဲခဲ့ပေ။

ယင်မင်ကျန်း သူတို့အားသတ်တော့မည်ကို မြင်လိုက်ရတော့ ခေါင်းဆောင်အင်းဆက်သည် နာခံစွာ မြေပြင်ပေါ်မှာ လဲလျောင်းလိုက်ပြီး။ "ငါ ငါတို့ ဘာမှမလုပ်ချင်ခဲ့ပါဘူး ဘာမှလည်းမလုပ်ခဲ့ဘူး... ဒါတွေအားလုံးက ဒီလူသား... အားလုံးကသူ့အပြစ်ပဲ!"

ဒီမိန်းမက သူတစ်ယောက်တည်းသူများကို အပြစ်ဖို့တတ်တယ်ထင်နေတာလား!

ငါတို့လည်းလုပ်တတ်တယ် ဟမ့်!

နဖူးထက်တွင် ချွေးစိမ်းများရွဲနေကာ လက်မောင်းများစွာပြုတ်နေပါသော်လည်း သူတို့သည် အပြစ်ကင်းကြောင်း ရှင်းပြနေဆဲပါ။ " အရှင် ဒါ ဒါ ဒါက ဒီလူသား သူကပြောခဲ့တာ သူမကမင်းကိုသတ်ချင်နေတာတဲ့ ဒါ့ကြောင့် သူကမင်းကို ပြန်ပေးဆွဲခဲ့တာပါ အရှင်  ကျွန်တော် ကျွန်တော်တို့က ..."

သူ့နောက်ရှိ မျက်လုံးရှစ်လုံးပါသော အင်းဆက်မှာ သူတို့ခေါင်းဆောင် ကျဉ်းထဲကျပ်ထဲရောက်နေသည်ကို သိသဖြင့် ဂရုတစိုက်ဝင်ပြောလိုက်သည်။ "ကျွန်တော်တို့ကဒီအတိုင်းဖြတ်သွားတာပါ။"

"ဟုတ်တယ်! ဟုတ်တယ် ဟုတ်တယ်!"

အင်းဆက်ခေါင်းဆောင်မှာ အသက်ကဆက်ရန် ကောက်ရိုးတစ်မျှင် ဆွဲမိသွားပုံပါပဲ။ သူ‌ကခေါင်းကို ပြင်းပြင်းထန်ထန်ငြိတ်ပြသည်က သူ့လည်ပင်းဝဝရှိ အသားများပြုတ်ထွက်တော့မတတ်ပင်။

"လမ်းကြုံသွားတာ! ကျွန်တော်တို့က ဒီနားတစ်ဝိုက်လျှောက်ကြည့်နေရင်း လမ်းကြုံသွားတာပါ!"

ယင်မင်ကျန်းမှာ ဒီလိုကျိုးကျိုးနွံနွံဖြစ်နေသည့် အင်းဆက်မျိုး တစ်ခါမှမကြုံဖူးခဲ့ပေ။ သူ့ယခင်ကတိုက်ပွဲများ၌ အဆင့်မြင့်အင်းဆက်များကို မြင်ဖူးခဲ့ဖူးသည်။ သူတို့ဟာ အမြဲတမ်းသတ်ချင်ဖြတ်ချင်နေကြကာ ရက်စက်ကြမ်းကြုတ်ကြသည်။ သူတို့မျက်လုံးထဲ၌ လူသားများအား ‌ရွံ့လူးနေသော ရှေးဦးသားရဲများကို ကြည့်နေသကဲ့သို့ အထင်သေးစွာသာကြည့်ခဲ့သည်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now