Chapter - 14.1 [Uni+Zawgyi]

651 96 1
                                    

အခြေစိုက်စခန်းအတွင်းမှာ ယင်မင်ကျန်း ရှီချင်အား အဆက်အဆံမလုပ်စေချင်ဆုံးသောသူမှာ လဲ့ယိုယွမ် ဖြစ်သည်။

လဲ့ယိုယွမ်မှာ အခြေစိုက်စခန်းတွင် အင်အားအကြီးဆုံး ဒုတိယမျိုးဆက်ဟု ဆိုနိုင်သည်။

သူ့အဖေမှာ အင်းဆက်တွေကို တိုက်ခိုက်ဖို့ ကိုယ့်လက်ကို ညစ်ပတ်မှာ မကြောက်သည့် ရှားရှားပါးပါး အာဏာရှိသူဖြစ်ပြီး အပြင်သို့ မကြာခဏ ထွက်လေ့ရှိသည်။ အင်းဆက်များ စတင်ရောက်ရှိချိန်တွင် လဲ့ယိုယွမ်သည် သူ၏ ပုန်ကန်တတ်သည့်အရွယ်သာ ရှိသေးသည်။ နှစ်ပေါင်းများစွာကြာပြီးခဲ့လည်း သူ၏စိတ်မှာ ပုန်ကန်တတ်သည့်အရွယ်မှာ ရှိနေဆဲ။ သူသည် ပါတီပွဲများတွင်သာ နေထိုင်ခဲ့ပြီး အခြေစိုက်စခန်းရှိ ဖျော်ဖြေရေး အဆောက်အအုံများ၏ ထက်ဝက်ကျော်က သူကိုယ်တိုင် ဆောက်ထားတာတွေပါ။

သူ့ရဲ့ကိုယ့်ကိုကိုယ်ယုံကြည်မှုကြီးက သူ့အဖေရဲ့ဂုဏ်သတင်းကြောင့်မဟုတ်ဘဲ ဒုတိယမျိုးဆက်တွေကြားမှာ တွေ့ရခဲတဲ့စွမ်းရည်အသုံးပြုသူတစ်ယောက်ဖြစ်တာကြောင့်လည်းပါသည်။ သူ၏စွမ်းရည်မှာ အဆင့်မြင့်ဖြစ်ပြီး မီးကို ထိန်းချုပ်နိုင်စွမ်း မြင့်မားသည်။

ထို့အပြင် လဲ့ယိုယွမ်သည် ငွေရှာရာတွင် ကျွမ်းကျင်သည်။ အခြေစိုက်စခန်းကို စတင်တည်ဆောက်စဉ်က မြေကြီးတစ်ပိုင်းကို ချက်ချင်း ခွဲထုတ်ယူခဲ့သည်။အဆောက်အဦးအား တိုက်ခန်းအဖြစ်ဆောက်ခဲ့ပြီး အပြင်အဆင်တွေဟာ သတ်ချနိုင်လောက်သည်။  ကြယ်ဒင်္ဂါးများ လည်ပတ်မှု စတင်လာချိန်တွင်မှ သူသည် သူ၏ ငွေများကို လဲလှယ်လိုက်သောအခါတွင် ရာထူးကြီးအဆင့်အတန်းသူများကြား သူတို့ထဲမှ အချို့ထက်ပင် ပိုချမ်းသာသွားကြောင်း တွေ့ရှိခဲ့ရသည်။

သူ့မှာ ငွေကြေး၊ သြဇာအာဏာ၊ စွမ်းရည်နဲ့ သူ့အဖေရဲ့ ထောက်ပံ့မှုတွေတောင်ရှိတယ်။ လဲ့ယိုယွမ် ၏ဘဝသည် အတော်လေးပင် သာယာနေခဲ့သည်။

သူသည် နေ့တိုင်း ဒုတိယမျိုးဆက်များနှင့်အတူ လျှောက်ကစားနေခဲ့သည်။ အင်းဆက်များ ကျူးကျော်ဝင်ရောက်လာလျှင်တောင် သူတို့လိုလူများအတွက်မူ သူတို့အလိုရှိရာကို မသွားနိုင်ဟု ထိုလောက်ပဲသက်ရောက်မှုရှိသည်။ အခြေစိုက်စခန်းဟာ သူတို့ကျေနပ်လောက်အောင်ကို ကြီးပါတယ်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now