Chapter - 18.1 [Uni+Zawgyi]

377 63 1
                                    

ယင်မင်ကျန်းအား ထိုအရပ်သား၏ တိုက်ခိုက်မှုသည် နောက်ထပ်ရုတ်ရုတ်သဲသဲ မ‌ဖြစ်သွားပဲ ပြီးဆုံးသွားခဲ့သည်။

စခန်းစည်းကမ်းအရ သူ့ကို တရားဥပဒေစိုးမိုးရေးအဖွဲ့က ခေါ်ဆောင်သွားပြီး ပြစ်မှုထင်ရှားသည့်အတွက် စီရင်ခြင်းခံရပြီးနောက် စီရင်ချက်ချခဲ့ပါတယ်။

ယခုခေတ်တွင် ပြစ်မှုကျူးလွန်လျှင် စားသောက်ပြီး ထောင်ထဲမှာပဲ အေးအေးဆေးဆေး ထိုင်နေရမည်မဟုတ်ပေ။ ကြီးလေးသောပြစ်မှုကျူးလွန်သူများကတော့ လုံးလုံးလျားလျား သေဒဏ်ပေးခံရသည်။တချို့ကတော့ အခြားသူများ မလုပ်ချင်သော ကာယအလုပ်ကြမ်းသများအဖြစ် စစ်တပ်ထဲသို့ စေလွှတ်ခံရသည်။

ယင်မင်ကျန်း ထပ်ဂရုစိုက်မနေတော့ပေ။ သို့သော် ရှီချင်းကတော့ အခြေစိုက်စခန်းတစ်ဝိုက်တွင် ကောလဟာလဖြန့်သူများကို တိုက်ဖျက်ရန် လဲ့ယိုယွမ် နှင့် ပူးပေါင်းခဲ့သည်။

သူတို့က ယင်မင်ကျန်းက အာဏာလိုက်စုနေတယ်လို့ ပြောလိုက်တာလား။

သူက လူသန်းပေါင်းများစွာအတွက် သူ့ကိုယ်သူ စတေးခဲ့တာပါနော်။

ယင်မင်ကျန်းက မာနကြီးတယ်လို့ သူတို့ပြောလိုက်တာလား။

သူက လူသန်းပေါင်းများစွာအတွက် သူ့ကိုယ်သူ စတေးခဲ့တာပါနော်။

ဤအကြောင်းပြချက်ကိုပဲ ပြောနေပါက အသုံးဝင်ပါတော့မလား။

ကြိုးကြိုးစားစား ကောလဟာလများတိုက်ထုတ်နေသော ရှီချင်းလေးသည် လဲ့ယို‌ယွမ်ကြောင့် လမ်းလွဲသွားကာ ပျော်ရွှင်စွာ ကစားနေမိခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဘယ်လိုပဲအပြောခံရပါစေ ယင်မင်ကျန်းသည် အရပ်သားများကို ကယ်တင်ရန် မိမိကိုယ်မိမိ စတေးလိုစိတ်ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ မရေမတွက်နိုင်သော လူများက ထိုအဖြစ်အပျက်ကို သက်သေခံခဲ့ကြသည်။

ဤသည်မှာ လူသားမျိုးနွယ်၏ သူရဲကောင်း ပိုင်ဆိုင်ထားသည့် အကြီးဆုံး အကာအရံပဲဖြစ်သည်။

သူ့အား လျှို့ဝှက်ကြံစည်သူသည် ကြီးမားသော တွက်ချက်မှုအမှားကြီးတစ်ခုကို ပြုလုပ်ခဲ့သည်။ ပြည်သူများ၏ အများသူငှာ ထင်မြင်ချက်ကသာ ယင်မင်ကျန်းကို အနှောက်အယှက်ပြုနိုင်သည့် နောက်ဆုံးအရာပါ။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now