Chapter - 8.1 [Uni+Zawgyi]

696 130 0
                                    

ယင်မင်ကျန်း သဲကန္တာရထဲတွင် တစ်ယောက်တည်း လမ်းလျှောက်နေခဲ့တယ်။

ဤနေရာသည် အင်းဆက်မျိုးနွယ်၏ ပိုင်နက်နယ်မြေ၏ အစိတ်အပိုင်းဖြစ်သော်လည်း ဤနေရာတွင် လွင်တီးခေါင်ထက်ပင် အနည်းငယ်သာ သာသည်ဖြစ်ခြင်းကြောင့် အစောင့်အကြပ်ကျဲပါးလေသည်။ အင်းဆက်တွေသူ့အားရှာတွေ့ရင် တိုက်ခိုက်ရမည်မှာသေချာတာကြောင့် စွမ်းရည်မရှိသလိုဟန်ဆောင်ရန် ကြိုးပမ်းခဲ့သည်။

သိပ်မကြာခင်ကမှ သူ့အသုံးပြုရန် ကြိုးစားကြည့်တဲ့အခါ သူ၏ စွမ်းရည်သည် သိသိသာသာ တိုးလာသည်ကို သူတွေ့ရှိခဲ့ရသည်။ ထို့ကြောင့် သူ့စွမ်းရည်အား ထိန်းချုပ်နိုင်မှုက ပိုတိကျစေသည်။

ယင်မင်ကျန်း ပထမဆုံး အတွေးမှာ လွန်ခဲ့သည့် ဆယ်ရက် သို့မဟုတ် ရက်အနည်းငယ်ကြာအောင် အလေးချိန် တန်ချိန်များစွာရှိသည့် ရှီချင်းကို ပွေ့ဖက်ထားရသည်ကြောင့်လားဟုပင်။ ထိုသို့ပွေ့ချီနိုင်ဖို့ သူကသူ့စွမ်းရည်ကိုမဖြစ်မနေထုတ်သုံးခဲ့ရသည်လေ။

သူထမင်းစားပါကလည်း သူ့ကို ပွေ့ဖက်ရမည်။

သုရေချိုးခန်းသွားတဲ့အခါလည်း သူ့ကို ပွေ့ဖက်ရမည်။

သူအိပ်နေစဉ်မှာလည်း သူ့ကို ပွေ့ဖက်ထားရမည်။

ထိန်းမနိုင်သိမ်းမရ မနိုင်စိန်ကလေးလေးတစ်ယောက်ရဲ့ အနားမှာ ရှိနေပေးရသလိုပါပဲ။

ဒါပေမယ့် ရှီချင်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သောင်းလုံးလုံး ဘယ်လိုနေထိုင်ခဲ့ရသလဲဆိုတာကို သိရှိပြီးနောက်မှာတော့ ယင်မင်ကျန်းဟာ ဒီကလေးလေးအနားမှာရှိနေရတာ အနှောက်အယှက်မဖြစ်တော့ကြောင်းကိုတော့ သူဝန်ခံပါတယ်။

အဲဒီအစား သူ့နှလုံးသားဟာ နာကျင်နေခဲ့တယ်။

ခြေထောက်သုံးချောင်း မျက်လုံးခြောက်လုံးနဲ့ အဆင့်နိမ့် ဂြိုလ်သားအင်းဆက်မှာ မအော်နိုင်ခင်မှာပဲ အငွေ့ပျံသွားခဲ့သည်ကို သူမမြင်လိုက်ပေ။ သူ့အတွေးတွေထဲတွင် နိုးလာပြီးနောက် သူ့ကိုရှာမတွေ့တော့မည့် နုံအအလူငယ်လေး၏ ပုံသဏ္ဍာန်လေးသာ ပြည့်နှက်နေခဲ့သည်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now