Chapter - 8.2 [Uni+Zawgyi]

790 132 4
                                    

[အေးပါကွာ ငိုနေတာရပ်လိုက်ပါတော့။ ဆုကိုယူပြီးတဲ့အတွက် ငါဒီတာဝန်ကို သေချာပေါက် ပြီးအောင် လုပ်မှာပါ။]

ရှီချင်း ပုလင်းကိုလက်ထဲ၌ အပေါ်အောက်သို့ အကြိမ်ကြိမ် မြှောက်ဆော့နေသည်။

[ငါဒါနဲ့ဘာလုပ်လို့ရလဲ။]

ငိုပြီးခါနီး ဖြစ်နေသည့် System သည်အကြံတစ်ခုပေးခဲ့သည်။ - [Host အင်းဆက်မျိုးနွယ်ကို မလိုလားသည့်အဖွဲ့အတွက် သုံးနိုင်တယ်။ ဒါကနည်းနည်းလေးပါ အဲ့ဆေးမှုန့်တွေကို Host ကြိုက်တာလုပ်လိုက်လို့ရတယ်။]

[ငါကြိုက်တာဘာဖြစ်ဖြစ် ဟမ်း.......]

ရှီချင်းသည် သူ့လက်ထဲတွင် အဖြူရောင် ကျောက်စိမ်းပုလင်းကို လှည့်လိုက်သည်။ အစီအစဉ်တစ်ခုကို တွေးမိသွားရင်း ငွေဖြူရောင် မျက်လုံးများက တဖြည်းဖြည်း တောက်ပလာခဲ့သည်။

[မင်းပြောတာမှန်တယ်၊ ငါလုပ်ချင်တာကို လုပ်နိုင်တယ်။]

သူ၏ ထင်မြင်ယူဆချက်များကို ထည့်သွင်းစဉ်းစားပေးသည်က ရှားတတ်သဖြင့် တစ်ခါလောက်အသိအမှတ်ပြုခံရသည်က System အား New Year ကဲ့သို့ပင် ပျော်ရွှင်စေပါသည်။

သူကအသုံးဝင်သေးသည်ဆိုတာကို သူသိပါတယ် ဟဲဟဲ

***

ယင်မင်ကျန်းဟာ ရှုပ်ထွေးတဲ့ခံစားချက်တွေနဲ့ သိလိုက်ရတာက ဒုတိယညကစလို့ ပုံမှန်အတိုင်း အိပ်စက်နိုင်ခဲ့ပေမယ့် သူ့အိပ်မက်တွေအားလုံးဟာ သင်္ဘောပေါ်က လူငယ်လေးတွေပါ၀င်လို့နေခဲ့ပါတယ်။

သူ့အိမ်မက်ထဲမှာ သူဘယ်တုန်းကမှ မထားခဲ့သလိုပါပဲ။

ဂြိုလ်သားလူငယ်လေးသည် သူ့ရင်ခွင်ထဲတွင် ကပ်ငြိနေသည်။ သူသည် ကြောင်ပေါက်လေးကဲ့သို့ သူ့ဇစ်နှင့် ကစားလို့နေသည်။

နောက်တစ်နေ့တွင် သူနိုးလာတဲ့အခါတွင် ယင်မင်ကျန်းသည် သင်္ဘောပေါ်တွင် ခုခံရန် အလွန်အမင်းကြိုးစားခဲ့ပြီးနောက်ဆုံး လိုက်လျောခဲ့သည်ကို မက်ခဲ့သည်။

တစ်ခါမှ ဒီလို နွေဦးအိပ်မက်မမက်ဖူးတဲ့ လူတစ်ယောက်အပေါ် ဒီသက်ရောက်မှုက လုံးဝကိုပုံဖော်ကြည့်နိုင်ပါတယ်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now