Chapter - 7.2 [Uni+Zawgyi]

728 137 1
                                    

မျှော်လင့်ထားသည့်အတိုင်း၊ ရှီချင်း၏ သူ့အပေါ်အကြည့်များသည် ပျော့ပြောင်းလာခဲ့သည်။ သူ့အဖော်၏ပေါင်ပေါ်မှီတက်လိုက်ရင်း သူ့ရဲ့ကျားသစ်သားပေါက်လေးလိုပုံစံလေး ပြန်လည်ထွက်ပေါ်လာကာ သူ့အဖော်စားနေသည်အား ကြည့်နေခဲ့သည်။

ယင်မင်ကျန်းက သူ့ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး ကြောင်ကလေးလို ပွတ်သပ်နှစ်သိမ့်ပေးလိုက်တယ်။ သူ့လက်သည် လူငယ်လေး၏ ပျော့ပျောင်းသော ဆံပင်များပေါ်သို့ အထပ်ထပ် ပြေးလွှားနေခဲ့သည်။

"ရှီချင်း"

စားသောက်ပြီးနောက် လက်သုတ်ပုဝါနဲ့ သူပါးစပ်သုတ်လိုက်သည်နှင့် စက်ရုပ်တွေက တလေးတစား စားပွဲရှင်းကြသည်ကို သူကြည့်လိုက်တယ်။ သူက ခပ်တိုးတိုးလေးမေးလိုက်သည်။ " မင်းကလူသားတွေလိုမျိုး မအိပ်စက်နိုင်ဘူးလား။ "

ရှီချင်းက ခေါင်းခါပြလိုက်သည်။ "အဲဒါအတွက်ကတော့ အိပ်စက်တဲ့ စနစ်တစ်ခု လုပ်ရမှာပေါ့"

ယင်မင်ကျန်းက လူငယ်လေးကို ထိုင်ခုံမှထူပေးရင်း ပြုံးပြလိုက်ပြီး "ဘာလို့ တစ်ခုလောက် မလုပ်ကြည့်တာလဲ။ ညဖက်တွေမှာ ကိုယ်ကအိပ်ပျော်နေပြီး မင်းကကိုယ့်ကိုစောင့်ကြည့်ပေးနေရတာက ကိုယ့်ကိုကိုယ်အပြစ်ရှိသလို ခံစားရတယ်"

သူ့နှလုံးသားလေးအားဖက်နဲ့ထုပ်ထားရသလို လူငယ်လေး၏မျက်နှာပေါ်တွင် စိတ်မချမှု တုန်လှုပ်ချောက်ချားမှုများ ပေါ်ပေါက်လာခဲ့သည်။ 

ထိုလူက သူ့အား ဖူးဖူးမှုတ်ထားချင်သည့်အကြည့်များဖြင့် ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ"

"ခင်ဗျား ထွက်ပြေးသွားမှာကို ကျွန်တော်ကြောက်တယ်။"

ရှီချင်းက အမှန်အတိုင်းပြောဖို့ မဆုံးဖြတ်ခင် ခေတ္တရပ်တန့်လိုက်ပြီးမှ " ကျွန်တော်အိပ်ပျော်နေတုန်း ခင်ဗျားထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ"

"ကိုယ်အဲ့လိုမလုပ်ပါဘူးကွာ။" ယင်မင်ကျန်း၏ မျက်လုံးများမှာ မဲမှောင်သွားသော်လည်း သူ၏ အပြုံးသည် အတူတူပင် ဖြစ်သည် - "ကိုယ်ကသင်္ဘောကမှ ထွက်ခွင့်မရှိဘဲ မင်းအိပ်နေရင်တောင် ကိုယ်မထွက်နိုင်ဘူးကွာ။"

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now