Chapter - 10.2 [Uni - Zawgyi]

703 133 2
                                    

ထိုလူသည် ခေါင်းငုံ့ကာ သူ့ရင်ခွင်ထဲတွင် ဟိုလှည့်သည်လှည့်လုပ်နေသော လူငယ်လေးကို ကြည့်လိုက်သည်။ သူက ခေါင်းလေးကို ပွတ်လိုက်ရင်း "ကောင်းပြီ။ ကိုယ်တို့ အတူတူစောင့်ကြည့်ကြမယ်။"

ရှီချင်း : [သူက ငါ့ကို ကလေးလေးတစ်ယောက်လို အမြဲတမ်း ဆက်ဆံနေတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ။ မုန်းတီးမှုတန်ဖိုးက ကျသွားပြီလား။]

တစ်နာရီကြာ မန္တန်ရွတ်ဖတ်နေသည့် System ပြန်လည်ပေါ်လာခဲ့သည်။ ၎င်း၏ အသံသည် ချွဲပစ်လို့နေကာ ဖော်လန်ဖားအသံပေါက်လို့နေသည်။ - [ကျွန်တော့်ရဲ့ ချစ်လှစွာသော Host လေးရေ မုန်းတီးမှုတန်ဖိုးက 40 အထိနိမ့်သွားပါပြီနော်။ မုန်းတီးမှုတန်ဖိုးရဲ့ လမ်းညွှန်ချက်တွေအရ 50 နှင့်အထက်သည် ပုံမှန်ရန်လိုမုန်းတီးမှုဖြစ်ပြီး 50 နှင့်အောက်သည် သာမာန်ပါပဲ။ ယင်မင်ကျန်း၏ လက်ရှိတန်ဖိုး 40 ကချစ်စရာကောင်းတဲ့ ကျွန်တော့် host အပေါ် အနည်းငယ်ခင်မင်မှု၏ အဓိပ္ပါယ်ပါ။ လုပ်နိုင်စွမ်းရှိတဲ့ ကျွန်တော်တို့ host လေးကိုအကြံပေးချင်တာကတော့ ကြီးမားတဲ့မုန်းတီးမှုအတက်အကျများဖြစ်လာခြင်းကို လျော့ချဖို့နဲ့ခံရသက်သာစေဖို့အတွက် တစ်ခုခုဖန်တီးပါနော်။]

ရှီချင်းသည် သူ့အပေါ် ကျရောက်လာသော System ၏ချီးမွမ်းသံများကြောင့် ကြက်သီးဖျန်းဖျန်းထသွားခဲ့သည်။

[မင်းအသံက ဘာဖြစ်နေတာလဲ။  မြန်မြန်ပြန်ပြောင်းလိုက်စမ်းပါ။]

System မှာစိတ်ရှုပ်ထွေးသွားခဲ့တယ် - [ Host ဒါကို မကြိုက်ဘူးလား။ ဒါက ရန်လိုမုန်းတီးမှုတန်ဖိုးကို 50 အောက်မှာ ပထမဆုံးအကြိမ် လျှော့ချနိုင်တဲ့အတွက် Host ကိုပေးဖို့ ဆုံးဖြတ်ထားတဲ့ ဆုလာဘ်ပဲ။]

[မြန်မြန်၊ မြန်မြန်ဆန်ဆန် ပြန်ပြောင်းလိုက်!]

System သည်တွန့်ဆုတ်တွန့်ဆုတ်နှင့် လိုက်နာခဲ့သည်။

ရှီချင်းသည် ယင်မင်ကျန်း၏ အင်္ကျီလက်များနှင့် ကစားနေသည်။

ဘယ်သူမှမသိသည်က ယင်မင်ကျန်းက သူ့အားဂရုစိုက်ပြပေမယ့် သူ့အားသူ၏ချစ်သူဟု မသတ်မှတ်ထားခဲ့ပေ။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now