Chapter - 21.1 [Uni+Zawgyi]

298 54 1
                                    

ရှီချင်း ကြောက်နေသေးမှာကို စိုးရိမ်စွာ ယင်မင်ကျန်းချော့မော့နေခဲ့ပြီး လူငယ်လေးအား ရင်ခွင်ထဲထည့်ကာ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်တယ်။ သူ၏ နူးနူးညံ့ညံ့နှင့် ဂရုတစိုက်ရှိနေမှုက သူ၏ကြမ်းတမ်းသော စစ်နတ်ဘုရားဆိုသည့် အပြင်ပုံနှင့် လားလားမျှသက်ဆိုင်မနေပေ။

ဒီမြင်ကွင်းက ကျောက်မြောင်မြောင်အား ရှီချင်းကို အကြွင်းမဲ့မုန်းသွားစေခဲ့သည်။

သူသည် ယင်မင်ကျန်း၏ ပုခုံးနှစ်ဖက်အား လှုပ်ကိုင်ခါယမ်းကာ သွားအော်ဟစ်ပစ်ချင်တော့သည်။ နင်ကစုံလုံးကန်းနေတာလား!!! လို့လေ

သူကဘယ်မှာအားနည်းနေလို့လဲ!! လွန်ခဲ့တဲ့ဆယ်မိနစ်လောက်ကလေးတင် အင်းဆက်အုပ်လိုက်ကြီးကို လဲကျလောက်တဲ့အထိ ခြောက်လှန့်ခဲ့တာလေ!

သူကကြောက်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!! ဘယ်လိုတွေးတွေး ဘယ်လိုမှမဖြစ်နိုင်ဘူး!!

ကျောက်မြောင်မြောင် သူမရဲ့မကျေနပ်ချက်များအား ထုတ်ပြောဖို့ ကြိုးပင်မကြိုးစားခဲ့ပါ။ ဘာလို့ဆို ယင်မင်ကျန်းက ဆေးမမှီတော့ဘူးလေ။

သူမရဲ့ဟန်ဆောင်မှုတွေမှာ သူမကျဆုံးခဲ့တာကို သူကအလွန်ဉာဏ်ကောင်းပြီး တွေးတတ်တာကြောင့်လို့ သူမထင်ခဲ့တာ။

သူမအခုတော့ သိသွားပါပြီ။ သူမကလုံးဝကို အတွေး‌လွန်နေခဲ့တာပဲ။ ယင်မင်ကျန်းက ငတုံးတစ်ယောက်ပဲ ငတုံးတောင်‌ရိုးရိုးငတုံးမဟုတ် ငတုံးအကြီးကြီးလေ!

ဂြိုဟ်သားတွေကလည်း လျှာရိုးမရှိတိုင်း လျှောက်လိမ်နေကြပြီး ထိုကောင်လေးကလည်း ထပ်ကာထပ်ကာကို ဟန်ဆောင်ပြနေသည်။

ဒါ့အပြင် သူမနဲ့လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့သည့် သွေးနားထင်ရောက်နေခဲ့သည့် အင်းဆက်များဟာ ယခုတော့ သနားစဖွယ်ပုံစံများဖြင့် အဆုံးသတ်သွားသည်။

အစောကတော့ ကျောက်မြောင်မြောင်ဟာ အင်းဆက်များ လွတ်မြောက်ရန် ပြန်လည်တိုက်ခိုက်သည့်အခါ အခွင့်ကောင်းယူကာ ထွက်ပြေးမည်ဟု ကြံထားခဲ့တာဖြစ်သည်။

ရလဒ်ကတော့ ဒင်းတို့သည် ဘဲတစ်ကောင်လိုသာ နေရာမရွေ့သာ ဆက်ထိုင်နေကြသည်လေ။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now