Chapter - 7.1 [Uni+Zawgyi]

776 138 1
                                    

ကြီးမားတဲ့အာကာသယာဉ်ပျံကြီးတစ်စင်းသည် ကောင်းကင်ယံတွင် ပျံဝဲနေကာ စက်ရုပ်အလွှာများဖြင့် ဝိုင်းရံထားသည်။ သန်းပေါင်းများစွာသော စက်ရုပ်များထဲမှ တစ်ခုစီတိုင်းသည် အနည်းဆုံး မိုးမျှော်တိုက်ကြီးတစ်လုံးကို အပျက်အစီးပုံကြီးဖြစ်သွားစေရန် လုံလောက်သော မီးစွမ်းအင်ရှိသည်။

ရှီချင်းသည် ကြည်လင်သော ဖန်သားပြင်ဘေးတွင် ရပ်နေကာ အောက်မှတောအုပ်ကို ကြည့်နေခဲ့သည်။

ယင်မင်ကျန်းက သူ့ကို အနောက်ကနေ ချဉ်းကပ်ပြီး လူငယ်လေးကို ရင်းနှီးတဲ့ပုံစံနဲ့ ဖက်ထားလိုက်တယ်။ နားထောင်ရကောင်းသည့် အသံခပ်ဩဩ ထွက်ပေါ်လာခဲ့တယ်။ "ဘာတွေကြည့်နေတာလဲ?"

ရှီချင်းသည် အဝေးမှ အလွန်သေးငယ်သော တောအုပ်ဆီသို့ ညွှန်ပြလိုက်သည်။ " ကျွန်တော့်ဂြိုလ်မှာဆို မိခင်သစ်ပင်တစ်ပင်ပဲရှိတာ။ သစ်တောဆိုတာ မရှိဘူးရယ်။"

ယင်မင်ကျန်း သူကြည့်နေသည့် နေရာသို့ လိုက်ကြည့်လိုက်သည်။ စွမ်းရည်အသုံးပြုသူတစ်ဦး၏ သာလွန်ကောင်းမွန်သောအမြင်စွမ်းရည်ကြောင့် စိမ်းလန်းစိုပြေသော တောအုပ်ကြီးတစ်လျှောက် ဖြတ်သန်းသွားလာနေကြသော အင်းဆက်များ၏ အသွင်အပြင်များကို မြင်နိုင်လေသည်။

သူ့နှလုံးသားဟာ လေးလံလာခဲ့သည်။ ဒီသစ်တောဟာ အရင်က လူ့သားတို့ပိုင်နက်နယ်မြေ ဖြစ်သည်မှာ ထင်ရှားပါသည်။ တကယ်ပဲ ရှုံးနိမ့်ပြီး အင်းဆက်မျိုးနွယ်ဆီ ပါသွားခဲ့တာလား။

ရှီချင်းသည် သူ၏အတွေးများပြည့်နေသောအမူအရာကိုမြင်ရန် မော့ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းပေါ်ရှိ အပြုံးသည် ပို၍ပင် စူးရှလာခဲ့သည်။ သူသည် အလိုလိုက်ခံရသဖြင့် ပျက်စီးနေသော ကျားသစ်ပေါက်လေးတစ်ကောင်ကဲ့သို့ ထိုလူ၏ရင်ခွင်ထဲ ပွတ်သီးပွတ်သပ်လုပ်နေရင်း သူ၏လက်ချောင်းများဖြင့် ဂရုတစိုက်ရေတွက်ခဲ့သည် - "၁၇ နှစ် ၁၁ လနဲ့ ၁၇ ရက်ကုန်ရင် ကျွန်တော်တို့ ကလေးလေးလုပ်နိုင်တော့မှာ။"

သူနှင့်အပ်ြိုင် System ၏ စိတ်ပျက်အားငယ်ဖွယ်အသံကလည်း ထွက်ပေါ်လာခဲ့သည်။ - [ရက်နှစ်ဆယ်ကုန်သွားရင်တော့ ကျွန်တော်တို့တွေ ဒီကမ္ဘာကနေ နှင်ထုတ်ခံရမှာ။]

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now