သရဲအစီးခံလိုက်ရသလို ကျောက်မြောင်မြောင်သည် ထရပ်လိုက်ပြီး ထိုယောကျာ်း၏ရင်ခွင်ထဲရှိ လူငယ်လေးအား တုန်တုန်ယင်ယင် လက်ညိုးထိုးပြလိုက်သည်။ " ယင်မင်ကျန်း!!! နင်အလိမ်ခံလိုက်ရပြီ! ဒါက သူ့ရဲ့ ပုံသဏ္ဍာန်အစစ်မဟုတ်ဘူး! သူကဂြိုဟ်သားတစ်ကောင်ပဲ!"
သူမကပြောရင်း ကောင်းကင်ပေါ်က စက်ရုပ်တွေကိုပါ ညွှန်ပြလိုက်သည်။
"ကောင်းကင်ပေါ်က ဂြိုဟ်သားတွေကို နင်မြင်လား။ ဒါတွေအကုန်လုံးက သူခေါ်ထားတာတွေပဲ! သူတို့မှာ သူတို့ကိုယ်ပိုင် အကြောင်းအရာတွေရှိတယ်။ နင်က သူနဲ့အင်းဆက်တွေကို ငါ့ထက်ပိုပြီးယုံနေတာလား။"
ယင်မင်ကျန်းရဲ့ မပြောင်းလဲတဲ့အမူအရာကိုတွေ့တော့ သူမရယ်မောလိုက်တယ်။ " အိုး ဟုတ်သားပဲ။ နင်ကသူဖမ်းတာကိုခံခဲ့ရတာပဲ။ ပြီးတော့ နင်ကသူနဲ့အတူ ပြန်လာခဲ့တယ်။ ဒါဆို နင်က သူဂြိုဟ်သားဆိုတာ သိနှင့်နေမှာပေါ့။ "
"ငါကိုအဲဒီ့ကိုရောက်အောင် ပို့ခဲ့တဲ့လူတွေထဲ မင်းလည်းပါတာပဲလေ။"
ထိုလူက စတင်ကာပြောလာခဲ့သည်။ သူ့မျက်လုံးများထဲ လှောက်ပြောင်မှုများပြည့်နေသည်။ " ငါကရှာမတွေ့နိုင်တော့ဘူးလို့ မင်းတကယ်ထင်နေတာလား။ "
ကျောက်မြောင်မြောင် တောင့်ခဲသွားသည်။
သူမ ခေါင်းအားအပြင်းအထန် ခါယမ်းလိုက်သည်။ " မဟုတ်ဘူး။ အဲ့ဒါကျွန်မမဟုတ်ဘူး။ အဲ့ဒါကျွန်မအဖေ။ သူလုပ်ခဲ့တာ။ ကျွန်မကရှင့်ကြိုက်တာလေ ကျွန်မက ရှင့်ကိုသတ်ဖို့ ဘယ်လိုလုပ် အစီအစဉ်ဆွဲနိုင်ပါ့မလဲ။ အဲ့ဒါ ကျွန်မတကယ်မဟုတ်ပါဘူး..."
" ဘာမှစိတ်ပူမနေပါနဲ့။ "
ထိုသို့ပြောလိုက်ချိန် ယင်မင်ကျန်း၏ မျက်နှာထက် ခံစားတချို့ဖြတ်ပြေးသွားပြီး အပြုံးတစ်ခုတောင် ပေါ်ထွက်လာခဲ့သည်။ ထိုအပြုံးက သူ၏ချောမောခံ့ညားသောမျက်နှာအား ပို၍နူးညံ့ပုံပေါက်သွားစေသည်။
သူကပြောလိုက်သည်။ " ငါမင်းတို့နှစ်ယောက်လုံးကို အပြစ်မတင်ပါဘူး။ "
ကျောက်မြောင်မြောင် သည် သူသူမအားထိုသို့ ပြုံးပြသည်ကို တစ်ခါမှမမြင်ဖူးခဲ့ပေ။ ပထမတော့ သူမကြောင်သွားပြီး နောက်တော့ သူမမျက်လုံးများထဲ မျှော်လင့်ချက်များ ပြည့်လာခဲ့သည်။
YOU ARE READING
ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။
Science FictionAuthor(s) - Tang Wei Shuai 糖尾帅 Mm translator - Dora_lucy Total chapter - 176 Chapters + 1 Extra Start date - 18.10.2023 I don't own this novel. Credit to all Author and Translator.