ဒါဟာ ရှီချင်း ၏နယ်မြေဖြစ်ပြီး အခန်းထဲတွင် အရည်အသွေးမြင့် စက်ရုပ်အများအပြားရှိသည်။ ယင်မင်ကျန်းသည် သူ့အပေါ်ရှိ 'လူ' ကြောင့် မည်မျှပင် စိတ်မသက်မသာ ဖြစ်နေပါစေ၊ သူ့အား ဖမ်းထားသူအား ဒေါသမထွက်စေရန် ထားလိုက်ရသည်။
"လူတွေရဲ့**** လုပ်တဲ့လုပ်ထုံးလုပ်နည်းကိုရှင်းပြမယ်လို့ ခင်ဗျားပြောခဲ့တာ မဟုတ်ဘူးလား။ မြန်မြန်လုပ်လေ၊ မြန်မြန်ပြောပါ ဒါမှကျွန်တော်တို့လိုက်လုပ်နိုင်မှာပေါ့။"
ရှီချင်းအား မည်သို့လှည့်စားရမလဲ ဆိုတာ အတော်ကြာအောင် သူစဉ်းစားခဲ့တယ်။
ခိုင်လုံသောရှင်းပြချက်တစ်ခုကို သူတည်ဆောက်နေချိန်တွင် သူ့အပေါ်တွင် နာခံမှုရှိရှိထိုင်နေသော လူငယ်လေးနှင့် ရုတ်တရက် မျက်လုံးချင်းဆုံသွားသည်။
ရှီချင်း၏ မျက်လုံးများသည် ငွေဖြူရောင်ဖြစ်သည်။ ထို့ကြောင့် သူ၏တိတ်ဆိတ်သောအကြည့်သည် အတော်လေး ခြိမ်းခြောက်နိုင်လောက်သည်အထိ လန့်စရာကောင်းသော်လည်း အမြင်နောက်တစ်မျိုးနှင့်ကြည့်လျင် နူးညံ့ငြင်သာသည့်ပုံပေါက်စေသည်။
"လူသားတွေက လိမ်ရတာ အတော်လေးကြိုက်ကြတယ်ဆိုတာ ကျွန်တော့်သိတယ်။ ကျွန်တော့်ကိုမလိမ်ပါနဲ့ ဘာလို့ဆို ကျွန်တော်ရှာတွေ့သွားမှာမို့လို့ပဲ။ "
သူ့ခန္ဓာကိုယ်သည် ယင်မင်ကျန်းအပေါ်သို့ အရိုးမဲ့နေသလို မှီနေခဲ့သည်။ သူ့အဝတ်အစားတွေကနေတဆင့် တခြားတစ်ယောက်ရဲ့ လူတစ်ယောက်၏အပူချိန်နှင့် မတူသည့် နိမ့်ကျတဲ့ အပူချိန်ကို သူခံစားနိုင်လုနီးပါးပါပဲ။ အနည်းငယ်အေးမြသောခံစားမှုနှင့်အတူ ရှီချင်း ၏နှုတ်ခမ်းများသည် ချဉ်းကပ်လာကာ လျှို့ဝှက်ချက်ကို တီးတိုးတီးတိုးပြောသကဲ့သို့ ပြောလာခဲ့သည်။ "စကြဝဠာတစ်ခုလုံးရှိတဲ့ ဘယ်တစ်စုံတစ်ယောက်မျှ စက်ရုပ်မျိုးနွယ်ကို မလိမ်ညာရဲကြဘူးလေ။"
YOU ARE READING
ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။
Science FictionAuthor(s) - Tang Wei Shuai 糖尾帅 Mm translator - Dora_lucy Total chapter - 176 Chapters + 1 Extra Start date - 18.10.2023 I don't own this novel. Credit to all Author and Translator.