မှတ်ပုံတင်ပြီးနောက် ဝန်ထမ်းသည် တစ်စုံတစ်ခုအား သတိရသွားခဲ့သည်။ " ဟုတ်သားပဲ။ စာရင်းမသွင်းရသေးခင်က မင်းတို့ကိုဝင်ရောက်ကူညီပေးခဲ့တာက ငြိမ်းချမ်းတဲ့ စက်ယန္တရားမျိုးနွယ်လို့ပြောခဲ့တယ်မလား။ သူတို့လည်းစာရင်းမသွင်းရသေးဘူးထင်တယ်။ ငါတို့တွေအဲ့မျိုးနွယ်ကိုတစ်ခါမှမကြားဘူးကြသေးဘူး။ "
ယင်မင်ကျန်း ရှီချင်းအား ထိုအကြောင်းပြောပြီးနောက် ရှီချင်းက သူတို့အရင်ဘုရင်တွေအားလုံးသည် ထူးခြားကြသည်။ သူတို့သည်ကောင်းတာတွေလုပ်ကြပေမယ့် အခြားမျိုးနွယ်များနှင့် ထိတွေ့ဆက်ဆံကြရန် ကာကွယ်ကြသည်။ အခုမဟာမိတ်အဖွဲ့ကတောင် မေးနေပြီဆိုတော့ သူတို့လည်း တစ်ခုခုအကြောင်းပြန်ကြားရမည်။
ရလာဒ်ကတော့ စကြဝဠာမဟာမိတ်အဖွဲ့၏ ဒေတာအချက်အလက်များထဲတွင် အသစ်တစ်ခုထည့်သွင်းခဲ့သည်။
စက်ယန္တရားမျိုးနွယ် : ငြိမ်းချမ်းရေးကို မြတ်နိုးသူ။ လိုအပ်သောဂြိုဟ်များအား အကူအညီပေးသည့်အထူးအဖွဲ့အစည်း
အန္တာရယ်ပြုသော ခန့်မှန်းခြေဒီဂရီ : 0°
သမိုင်းအားပြန်ပြောင်းရေးလိုက်သည်ကို ခံစားမိသွားသော System [.....host ဒါကအဆင်ပြေတာ သေချာရဲ့လား? ]
...............................
[ဟမ်? ဘာဖြစ်လို့လဲ။ ]
ရှီချင်းသည် ထိုလူ၏ရင်ခွင်ထဲခွေခေါက်လို့နေပြီး ယင်မင်ကျန်းရဲ့ ကြယ်သီးတွေနဲ့ ကစားလို့နေသည်။
System: [ ကျွန်တော်တို့ ဒီကမ္ဘာကထွက်သွားခဲ့ရင်တောင် ဒီကမ္ဘာကသူ့ဘာသာသူ ဆက်လည်ပတ်နေမှာ နောက်တက်မယ့်ဘုရင်က လိုက်ပြီးသတ်ဖြတ် နေမယ်ဆိုဘယ်လိုလုပ်မလဲ။ 】
[ စိတ်မပူပါနဲ့။ ငါအဲ့ဒါကိုလည်း ထည့်စဉ်းစားပြီးပါပြီ။ 】
လူငယ်လေးသည် ယင်မင်ကျန်းအား ကော်ကဲ့သို့ကပ်တွယ်နေလေသည်။ ပွင့်ချပ်လေးများကဲ့သို့ သေးသွယ်လှပသော သူ၏လက်ချောင်းလေးများနှင့် ထိုလူ၏မေးစေ့အား ထိကိုင်လိုက်သည်။
အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မှုကြောင့် ထိုလူသည် ရက်အတော်ကြာ အနားမယူခဲ့ရသေးပေ။ သူ့မေးစေ့၌ မုတ်ဆိတ်ငုတ်တိုလေးများ ထွက်ပေါ်လို့နေပြီး ၎င်းကသူ့အားအရင်ကထက်ပို၍ပင် ဆွဲဆောင်မှုရှိပုံ ပေါက်သွားစေသည်။
YOU ARE READING
ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။
Science FictionAuthor(s) - Tang Wei Shuai 糖尾帅 Mm translator - Dora_lucy Total chapter - 176 Chapters + 1 Extra Start date - 18.10.2023 I don't own this novel. Credit to all Author and Translator.