Chapter - 13.2 [Uni+Zawgyi]

527 90 1
                                    

ယင်မင်ကျန်းသည် ဆံပင်အခြောက်ခံနေခဲ့တာဖြစ်ပြီး လူငယ်လေး၏စကားသံကိုကြားပြီးနောက် ခဏတာရပ်တန့်သွားပြီးမှ ပဝါသွားရှာလိုက်သည်။ ပုဝါကိုသွားပေးရန် ရေချိုးခန်းသို့ လျှောက်လာစဉ် ရှီချင်းသည် ကန့်လန့်ကာကို လုံးဝဆွဲဖွင့်လိုက်သည်ကို မြင်လိုက်ရသည်။ သူကသူ့ကိုပင် ရပ်ကာရယ်ပြနေသေးသည်။

ယင်မင်ကျန်း : "......"

မျက်နှာသုတ်ပဝါကို လွှဲပေးလိုက်ရင်း ချက်ချင်းပင် အဝေးကို အကြည့်လွှဲလိုက်သည်။

ထို့နောက် လူသားသူရဲကောင်းကြီးသည် ခပ်တည်တည်မျက်နှာထားဖြင့် လှည့်ကာ ထွက်လာခဲ့သည်။

ဒါပေမယ့် သူကုတင်ပေါ်ထိုင်လိုက်စဉ် ဆံပင်ခြောက်အောင် ဆက်လုပ်ဖို့ စိတ်မဝင်စားတော့ပေ။

အစပိုင်းတွင်တော့ ယင်မင်ကျန်းသည် သူ့အား သင်္ဘောပေါ်သို့ အတင်းပြန်မခေါ်သွားစေရန်အတွက်သာ ရှီချင်းကိုငြိမ်စေဖို့ ဟန်ဆောင်နေခဲ့တာပါ။

ရှီရးချင်းရဲ့သူ့အပေါ် ယုံကြည်မှုကြောင့် ယာဉ်ပျံသင်္ဘောပေါ်ကလွတ်မြောက်နိုင်ခဲ့တာပါ။ တကယ်လို့ သူပြန်ခေါ်သွားခံရခဲ့ပါက သူအခြေစိုက်စခန်းထဲကို ဘယ်တော့မှ ပြန်မလာနိုင်တော့မှာ သေချာပါတယ်။

ရှီချင်းကို သတ်လိုက်ခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်နေခဲ့ဆဲပါ။

ဒါပေမယ့် ယင်မင်ကျန်း မလုပ်နိုင်ခဲ့ပါဘူး။

အပြစ်ကင်းစင်သော ကလေးတစ်ယောက်၏ စိတ်သဘောထားနှင့် ဖြူစင်ကာ သူ့အားမှီခိုအားထားတတ်သည့် ရှီချင်းသည် သူ့လက်ထဲတွင် ရှိနေသည်။

သို့သော် ရှီချင်းသည် သူ့ကို ထားခဲ့ရန် ဆန္ဒမရှိသည်မှာ ဆိုးရွားလှသည်။  သူ ကျောက်မြောင်မြောင်ကိုလုပ်ခဲ့သလိုမျိုး အေးစက်တဲ့ စကားလုံးတွေနဲ့လည်း သူ့ကို တွန်းမထုတ်နိုင်ခဲ့ဘူး။ ရှီချင်း၏ ပင်ကိုယ်စရိုက်နဲ့ဆိုပါက ထိုသို့လုပ်လိုက်လျှင် သင်္ဘောပေါ်သို့ ပြန်ပေးဆွဲသွားရန် သူ့လက်အောက်ငယ်သားများကို မခေါ်မီ သူမျက်ရည်များ ဆည်ကျိုးသလိုကျလာလိမ့်မယ်။ ပြီးရင်တော့ သူ့ကို တန်ချိန်များစွာရှိလောက်မယ့် အလေးချိန်နဲ့ဖိပြီး သူ့အား နေ့စဉ် ဆက်တိုက် ဇာတ်လမ်းထဲမှ ဇာတ်ကွက်အားလုပ်ပါလိမ့်မည်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now