Chapter - 18.4 [Uni+Zawgyi]

509 107 2
                                    

System က သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ - [Host အဲ့ဒါက စိတ်ငြိမ်ဆေးတစ်လုံးပါပဲ။]

[အို ဟိုးဟိုး]

ပြန်ပေးဆွဲသူ၏ ရှုထောင့်မှကြည့်လျှင် ဆေးဝါး၏ အာနိသင်များ ဝင်လာပုံပေါ်သည်။ လူငယ်လေးသည် သူ့မျက်လုံးများအား အလျင်အမြန်မှိတ်ကာ နောက်သို့လှဲချလိုက်သည်။

သူသည် ကောင်းလေးအားဖမ်းရန် လျင်မြန်စွာ လက်လှမ်းလိုက်ပြီးနောက် သူသည် ပြင်းထန်စွာ လေးလံလှသော ခန္ဓာကိုယ်အားမရန် အသည်းအသန်ရုန်းကန်နေခဲ့ရသည်။

ရှီချင်းသည် ချက်ချင်းပင် သူ၏အလေးချိန်ကို ချိန်ညှိလိုက်သည်။

ဤလူသည် မတ်မတ်ရပ်နိုင်ဖို့တောင် ခက်ခဲနေခဲ့သည်။ သူလက်များထဲက ဖြူစင်ကာနုနယ်လှသည့် လူငယ်လေးကို အံ့သြတကြီး ကြည့်လိုက်မိတယ်။

သူက အထက်တန်းကျောင်းသူလေးလို ပိန်ပိန်ပါးပါးလေးပါ ဘယ်လိုလုပ် ဒီလောက်တောင် လေးလံနေရတာလဲ။

...... ထားပါ ဒါကအရေးမကြီးဘူး။ နောက်ဆုံးတော့ သူ့အလုပ်က ဒီကလေးကို သူ့အလုပ်ရှင်ဆီ ပို့ပေးဖို့ပဲ!!!

အစပိုင်းတွင် ရှီချင်းသည် သူ့အားသယ်လာစဉ် သတိလစ်ဟန်ဆောင်ခဲ့သည်။ ဒါပေမယ့် ဒီလူက ပေါ့ပေါ့ပါးပါးနဲ့ သွက်သွက်လက်လက် လျှောက်လှမ်းနေတာကြောင့် ကျောပေါ်မှာပါလာတဲ့ အနေအထားအတိုင်း တစ်ရေးတစ်မော အိပ်ဖို့ကြံစည်လိုက်တယ်။

System ကသူ့အား မနှိုးဆော်မချင်း သူအိပ်ပျော်သွားခဲ့သည်။ [Host ငါတို့ရောက်ပြီ။] ထိုမှပဲ သူတုံ့ဆိုင်းစွာ နိုးလာခဲ့သည်။

သူမျက်လုံးဖွင့်ကြည့်လိုက်တော့ သူသိပ်ကိုပျော်သွားခဲ့တယ်။

ဒါ ကန္တာရထဲက တစ်နေရာမဟုတ်လား ?

သူသည် ဤနေရာတွင် အတိတ်က အမှတ်တရကောင်းများစွာကို ဖန်တီးခဲ့သည်။

သူဒီနေရာကို ရောက်ရောက်ချင်း Rosemary ဝတ်မှုန်ကို အားကိုးပြီး ဒီနေရာ၌ပင် ယင်မင်ကျန်း နှင့် 'ရှုပ်' ရန် အခွင့်အရေးကို ဘယ်သောအခါမှ လက်လွတ်မခံခဲ့ပေ။

သူ့ရှေ့ကို လှမ်းကြည့်လိုက်တော့ သူ ပိုလို့တောင်ပျော်သွားသည်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now