Chapter - 18.2 [Uni+Zawgyi]

377 64 0
                                    

ဒီလိုမဖြစ်အောင် ကာကွယ်ရန်အလို့ငှာ သူက ယင်မင်ကျန်းရဲ့ယောက္ခမဖြစ်ရအောင် သူ့သမီးကို ယင်မင်ကျန်းအားသွားသွေးဆောင်ဖို့ အထူးပြောဆိုခဲ့ပါတယ်။

သို့သော် ကျောက်မြောင်မြောင်က သူ့အား လုံးဝ စိတ်ပျက်သွားစေခဲ့သည်။ သူမက သူမရဲ့လှပသော ရုပ်ရည်ကို ဖြုန်းတီးနေပုံပေါ်သည်။

မုန်လာဥနီက အသုံးမဝင်တော့ သူကတုတ်ကိုသာ ထုတ်လိုက်ရတော့သည်။ (အနုနည်းနဲ့မရကအကြမ်းနည်းသုံးခြင်း)

သို့သော် သူကြိုးစားခဲ့သမျှက မအောင်မြင်ခဲ့ပါ။ ယင်မင်ကျန်းဟာ ဘာလုပ်အဆင်ပြေနေဆဲပါပဲ။

ယင်မင်ကျန်းအား ဆန့်ကျင်သည့် သူ၏ ကြိုးပမ်းမှုများကိုသာ နောက်ပြန်ဆုတ်ခဲ့ရသည်။ လူသားသူရဲကောင်းကြီးကတော့ ပြုတ်ကျမသွားရုံသာမကဘဲ၊ သူ့ဟာပိုလို့တောင် အင်အားတောင့်လာခဲ့တယ်။

ဗိုလ်ချုပ်ကျောက်ဟာ ယင်မင်ကျန်း သမ္မတရာထူးသို့ တက်လာသည်ကို သူမမြင်ရသေးပေမယ့် သူ့ရဲ့ပျက်စီးကိန်း ဆိုက်ရောက်လာခံနီးပြီ ဆိုတာကိုတော့ သူအာရုံရနေ၏။

စိတ်ဖိစီးမှုကြောင့် ဆံပင်များကျွတ်လာသည်ကိုသာ ကြည့်နေနိုင်ပြီး လွတ်လမ်းရှာဖို့ အသည်းအသန် ကြိုးစားနေခဲ့ရတယ်။

သူ့သမီးကိုလည်း ပိုပြီးဂရုတစိုက်ပူပန်တတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ယနေ့အစည်းအဝေးတွင် အခြေစိုက်စခန်း၏ သမ္မတရွေးကောက်ပွဲက ကျရောက်လာတော့မည်ကို သိရှိခဲ့ရသည်။ ဗိုလ်ချုပ် ကျောက်သည် အိမ်ပြန်ရောက်တာနဲ့ ကျောက်မြောင်မြောင်ရဲ့အခန်းထဲကို အတင်းဝင်သွားခဲ့ပြီး သူ့လက်ဖြင့် စားပွဲပေါ်သို့ရိုက်ချလိုက်တယ်။ မိတ်ကပ်လိမ်းနေတဲ့ သူ့သမီးကို အော်ဟစ်လိုက်တယ်။

"အချိန်တိုင်း မိတ်ကပ်လိမ်းနေဖို့ နင်သိတာလား! ငါတို့ရဲ့ကောင်းတဲ့နေ့ရက်တွေက ကုန်ဆုံးတော့မယ်။ ငါတို့အဖြေကို မစဉ်းစားနိုင်ဘူးဆိုရင် နင်ရောငါရော ကိုယ်သေဖို့ထိုင်စောင့်နေရုံပဲ တတ်နိုင်လိမ့်မယ်!"

ကျောက်မြောင်မြောင် သည်လည်း ဒေါသကြီးသူဖြစ်သည်။ သူမရဲ့နှုတ်ခမ်းနီအား ကြမ်းပြင်ပေါ်သို့ ချက်ချင်းပင် ခပ်ပြင်းပြင်းပစ်ပေါက်လိုက်သည်။ "ကျွန်မလည်း ကြိုးစားခဲ့တယ်လေ!! ရှီချင်းလို့ ခေါ်တဲ့ အဲဒီလူ လဲ့ယိုယွမ် အိမ်မှာသွားနေတုန်းက သူတို့အတူတူ ပေါင်းစီးသွားဖို့ ကျွန်မဆေးတောင်ခပ်ခဲ့တာ ဒါပေမယ့် ယင်မင်ကျန်း ဇွဲအလျော့စတန်း မျက်ကန်းလ်ိုဟန်ဆောင်ပြီး သူ့ခေါင်းပေါ်မှာ မြက်ခင်းပြင်ကြီးတစ်ခုလုံးကို ကြီးထွားလာနိုင်တဲ့အထိ လက်ခံခဲ့တယ်။ သူက ရှီချင်းကို ရတနာတစ်ခုလို သဘောထားတုန်းပဲ! ကျွန်မ သူ့ရှေ့မှာရပ်နေရင်တောင်မှ သူက ကျွန်မကို မမြင်သလိုတောင် နေတယ်လေ။ ကျွန်မ တခြားဘာလုပ်လို့ရနိုင်မလဲ။!!"

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now