Chapter - 13.1 [Uni+Zawgyi]

593 95 1
                                    

ယင်မင်ကျန်း ကျောက်မြောင်မြောင်နှင့် ပြောဆိုပြီးသည့်နောက် ရှီချင်းသည် ထပိမံမလှုပ်ရှားတော့ပေ။ သူကကျေနပ်စွာနဲ့ ထိုလူကြီး၏ ရင်ခွင်ထဲအပီအပြင် နေရာယူလိုက်သည်။

ယင်မင်ကျန်း သူ့ရင်ခွင်ထဲ တယွယွလှုပ်ရှားမှုလေးကို ခံစားလိုက်ရသည်။ သူငုံ့ကြည့်လိုက်တဲ့အခါ လူငယ်လေးက အပြစ်ရှိစွာဖြင့် သူလိမ်ဆွဲလိုက်သည့် နေရာလေးအားပွတ်ပေးနေလေသည်။

ပွတ်ပေးနေရင်းဖြင့် မျက်လုံးလေးမှိတ်ကာ အိပ်ချင်ယောင်လည်း ဆောင်နေသေးပြန်သည်။

သူတောင်မသိလိုက်ပါပဲ သူ့နှုတ်ခမ်းထောင့်များဟာ တွန့်ကွေးကာ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ သတိမထားမိသလိုသာ ဟန်ဆောင်ရင်း ထိုအတိုင်းချီကာ အိမ်သို့ပြန်လာခဲ့လိုက်သည်။

ရှီချင်း၏ စိတ်နေစိတ်ထားအား ယင်မင်ကျန်း နားလည်ရန် သိပ်ကိုလွယ်ကူပါသည်။

တစ်ခါတစ်ရံ သူ့ရဲ့အကြံအစည်သေးသေးလေးတွေနဲ့ ဟန်ဆောင်တတ်ပေမယ့် သူဟာရိုးသားပြီး ခပ်ဖြောင့်ဖြောင့်ပဲ နေတတ်သူလေးမလို့ သူဟန်ဆောင်သည်ကိုလည်း ဖုံးကွယ်ထားဖို့ရာမကြိုးပမ်းတတ်ပေ။

ထင်ထားသည့်အတိုင်း 'အိပ်' နေသည်ဟု အိပ်ချင်ယောင်ဆောင်သော လူငယ်လေးသည် ပျော့ပျောင်းသောကုတင်ပေါ်သို့ ချလိုက်သည်နှင့် ချက်ချင်းထထိုင်လာပါပြီ။ သူက မွေးကင်းစ နဂါးပေါက်လေးတစ်ကောင် သူ့အကြေးခွံတွေကို ပြသနေသကဲ့လို့ လျှောက်လှိမ့်ကာ အိပ်ယာအားရှုပ်ပွသွားစေခဲ့တယ်။ သူဟာ ညည်းညူရင်း ရေချိုးတော့မည့် ယင်မင်ကျန်းအား သူနှင့်နေပေးရန် အသနားခံတော့သည်။

ယင်မင်ကျန်းသည် ယနေ့ အပြင်ဘက်ဇုန်ရှိ အကာသုံးလွှာကို ကင်းလှည့်နေခဲ့သည်။ အခြေစိုက်စခန်းတွင် အကာအရံအလွှာ ၁၈ ခုပါရှိပြီး တစ်ခု၏အပေါ်တွင် တစ်ခုထပ်ကာရှိသည်။ ဤသို့တစ်ထပ်ပြီးတစ်ထပ် ကာထားခြင်းက အဆင့်နိမ့်အင်းစက်တွေ၏ရန်ကို ကာကွယ်ပေးသည်။ အကယ်၍တစ်လွှာကိုဖောက်ဝင်နိုင်ခဲ့လျှင်တောင် အလယ်ရောက်ပါက ထွက်လမ်းမရှိ ပိတ်မိသွားစေပါသည်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now