Part 3

5.1K 430 2
                                    

ဝမ်ရိပေါ် ရဲ့ အိမ်ထောင်သည် ဘဝ ဒုတိယနေ့မှာဘဲ ဘွားက သူ့ရဲ့တစ်ဦးထဲသော မြေးကို စွန့်ခွာသွားပြီ။

ကြိုသိနေတဲ့အရာတစ်ခုပေမဲ့ နာကျင်မှုက အံ့မခန်းဘဲ။
သူ့ရဲ့ တစ်ဦးထဲသောသွေးသားက နောက်ဆုံးစွန့်ခွာသွားတယ်။
ဘဝမှာ အထီးကျန် ခိုကိုးရာမဲ့မှုကို တစ်ပြိုင်နက်တည်းခံစားလိုက်ရတယ်။

ငယ်ရွယ်တဲ့ ကလေးတစ်ယောက်က ဒါတွေ ခံနိုင်ရည်မရှိဘူး။

ရိပေါ် တစ်ယောက်အိပ်ရာထဲ လဲပါလေရော။

ရှောင်းကျန့် ရဲ့ ဘဝမှာ အရာအားလုံးက ပြည့်စုံနေပြီးသား။
သိုပေမဲ့ငယ်ရွယ်တဲ့ ကလေးတစ်ယောက် အလူးအလဲခံစားနေရတဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကို သူမကြည့်ရက်ဘူး။

လူကြီးတွေရဲ့ ဆန္ဒအရ မချစ်မနှစ်သက်သော လူတစ်ယောက်နဲ့ လက်ထပ်ခဲ့ရတယ်။
လူငယ်ဘဝရဲ့လွတ်လပ် ပျော်ရွှင်မှု​တွေ ပျောက်ဆုံးသွားတယ်။
ပြီးတော့ အချစ်ရဆုံးသော အဘွားက ထားသွားပြန်ပြီ။

ကုတင်ပေါ်မှာ အိပ်မောကျနေတဲ့ ကောင်လေးကို သူကြည့်လိုက်တယ်။
ဖြူဖပ်နေတဲ့ မျက်နှာတဲ့ မခြောက်သေးတဲ့မျက်ရည်စီးကြောင်းတွေ။

အိမ်မက်ဆိုးတွေများ မက်နေတာလားရိပေါ်။

ကိုယ်မင်းကို ဂရုစိုက်မှာပါ။
ပြီးတော့ မင်းရဲ့ လွတ်လပ်မှုတွေကိုလည်း ပိတ်ပင်မှာမဟုတ်ဘူး။

ခေါင်းလေးကို အသာပွတ်သပ်ပေးနေလိုက်တော့  မျက်မှောင်ကြုတ်လျက် မျက်ဝန်းတစ်စုံက ပွင့်လာတယ်။

"နိုးလာပြီလား? "

"ကျွန်တော်....ကျွန်တော်အိပ်ပျော်သွားတာလား?''

"ဟုတ်တယ်... မင်းအဖျားတွေကြီးနေလို့ ဆရာဝန်ခေါ်ပြီး ဆေးထိုးထားတာ ။ နေလို့အဆင်ပြေရဲ့လား''

ပင်ပန်းနေတဲ့မျက်ဝန်းတွေက သူ့ကိုမော့ကြည့်လာတယ်။

" ကျေးဇူးတင်ပါတယ် ပြီးတော့ အားလည်းနာပါတယ် ကျွန်တော့်ကြောင့် သူဌေးရှောင်း အဲ..အလုပ်မသွားရတာ''

ကလေးငယ်ရဲ့စကားကြောင့် ရှောင်းကျန့် နှုတ်ခမ်းတစ်ဖက်တွန့်လို့ပြုံးလိုက်တယ်။

LORD OF THE HEART (နှလုံးသားရဲ့ အရှင်သခင်)//completed//Where stories live. Discover now