extra two(The end)

3.9K 189 0
                                    


               First Trip

အရှေ့ပင်လယ်ဆီမှ ပေါ်ထွက်လာသော နေခြည်နွေးနွေးက အိပ်ခန်းဆီသို့ဖြာကျနေသည်။
လေတိုက်၍လွင့်ခါသွားသော လိုက်ကာစများကြားမှ သူ ခေါင်းကို အပြင်ထွက်လိုက်ရင်း မနက်ခင်းရဲ့လေညှင်းကိုအပြည့်အ၀ ရှုရှိုက်လိုက်သည်။

မျက်လွှာချထားသောမျက်ခွံမို့မို့လေးတွေပေါ်မှလေနုအေးလေးကဖြတ်တိုးဝှေ့ကာကြည်စယ်ရင်း သူ့ရဲ့ဆံစလေးများကို ပွတ်တိုက်သွားသည်။
မျက်စိဖွင့်လိုက်တဲ့ တစ်ခနမှာ ကျယ်ပြောပြီး လှိုင်းကြပ်ခွပ်လေးတွေ ထနေတဲ့ ပင်လယ်ပြင်ထက် ပုစွန်ဆီရောင်နေမင်းကြီးက ခမ်းနားစွာပေါ်ထွက်လို့လာပြီ။

ပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်‌ေအးချမ်းနေလျက် မြို့ပြရဲ့အငွေ့အသက်တွေနဲ့ လုံး၀ကင်းလွတ်စွာနဲ့。。。

နွေးထွေးနူးညံ့သော လက်တံရှည်တစ်စုံက သူ့ခါးကိုနောက်မှ ရစ်ပတ်ကာ သိုင်းဖက်လာသည်။

" ကိုကို နိုးလာပြီလား ?"

ကိုကိုက သူ့ရဲ့ ပုခုံးတွေထက် မေးတင်ရင်း တစ်ချက်သန်းဝေကာ လည်ပင်းကိုငုံ့ကိုက်ရင်း ဗလုံးဗထွေး ပြောလာသည်။

" မနိုးချင်သေးဘူး ၊ဒါပေမဲ့ ကလေးလေးမှ ဘေးမှာ မရှိတော့တာ ကိုကိုက ဘယ်လိုအိပ်ပျော်နိုင်မှာလည်း ?"

ရိပေါ်က ခပ်တိုးတိုးရယ်သည်။

" morning! နေ‌တောင်ထွက်လာပြီ၊ မျက်လုံးကို သေသေချာချာလေးဖွင့်ကြည့်ပါအုံး ခင်ဗျားကြီးရဲ့ မစောတော့ပါဘူး "

ရှောင်းကျန့်က လက်တစ်ဖက်ဖြင့် လိုက်ကာစကြိုးကို ဆွဲပြီး ခါးကိုကိုင်းလို့အပြင်ဘက်ငုံ့ကြည့်လိုက်သည်။

ဒီအခန်းတစ်ခုလုံးက မှန်ပြတင်းကြီးတွေနဲ့ ကာထားတာဖြစ်ပြီး ဒီနေရာမှ ပင်လယ်ပြင်တစ်ခုလုံးကိုအပေါ်စီးမှ မြင်နေရသည်။

အိပ်ရာပေါ်ကနေ ကြည့်နေရင်တောင် ပင်လယ်ပြင်ရဲ့ အလှတွေကို မျက်စိတစ်ဆုံးမြင်နေရသည်။

နှစ်ထပ်တိုက်ရဲ့အောက်ဘက်မျက်နှာစာတစ်ခုလုံးကိုတော့ နံရံကပ် နွယ်နှင်းဆီတွေက တွယ်တက်နေပြီး ပန်းရနံတွေက တံခါးဖွင့်လိုက်ရုံနှင့်ပင် နှာခေါင်းထဲတိုး၀င်လာ၏။

LORD OF THE HEART (နှလုံးသားရဲ့ အရှင်သခင်)//completed//Where stories live. Discover now