Part 27

4.8K 326 27
                                    

မွေ့ယာပေါ် အလေးချိန်တစ်ခု ကြောင့်နစ်ဝင်ခြင်းနှင့်အတူ မျက်နှာတစ်ဝိုက်ကို လေပူငွေ့ငွေ့ဖြတ်သွားသဖြင့် ရိပေါ် မျက်လုံးကို အားတင်းလို့ဖွင့်လိုက်သည်။

ညက ငိုရလွန်းသဖြင့် ခေါင်းတစ်ခုလုံးထုရိုက်ထားသလိုခံစားနေပြီး ဘယ်ချိန်က အိပ်ပျော်သွားမှန်းပင်သူမသိတော့..

ခုချိန်မှာတော့ အသိအာရုံက မိုးလင်းလုနီးပြီဆိုတာကို ခံစားနေရသဖြင့် အားယူကာ မျက်လုံးဖွင့်လိုက်သည့်တိုင် ခေါင်းက မကြည်လင်သေး။
ငိုထားသည့်အရှိန်ကြောင့် သူ့မျက်ခွံနှစ်ဖက်လုံး မို့အစ်နေလျက် မျက်တောင်တွေစင်းနေကာ မျက်ကြောစင်းလေးဖြစ်နေ၏။

ဖူး.....

နားရွက်ဖျားတစ်ဝိုက် လေဝှေ့သွားလျှက် ခေါင်းကို ငဲ့ကြည့်လိုက်လျှင်..

"ကိုကို''

ရှောင်းကျန့်က သူ့မျက်နှာကို ငုံ့မိုးကြည့်လျှက်ပြုံးပြလာ၏။

" တကယ်ကြီးကိုက်ိုဘဲ၊ ဘယ်လိုလုပ်ပြီးပြန်ရောက်လာတာ''

ကိုက်ိုပါးကိုလက်ညိုးနဲ့တို့ထိလျက် ​ပြောတော့ ကိုကိုက သူ့လက်ကို ဖမ်းဆွဲကာ ခပ်ဖွဖွလေး နမ်းရှိုက်၏။

" ဝမ်ပေါက်စလေးကိုစိတ်မှ မချတာ ၊ဒါကြောင့် ဟိုမှာည မအိပ်တော့ဘဲ ညတွင်းချင်းပြန်လာတာပေါ့၊ ကိုကို့ကို တွေ့လိုက်ရတော့ ပျော်သွားလား? ဟင်..လွမ်းနေရဲ့လား ကလေးပေါက်''

ဘယ်လိုတောင် မေးလိုက်ပါ့လိမ့်၊ ကိုကို့မရှိသည့်နှစ်ရက်လုံး သူ့မှာ နေမထိထိုင်မသာဖြစ်နေရတာ ညဘက် အလွမ်းတွေနဲ့ အိပ်ပြီး မျက်လုံးဖွင့်ဖွင့်ချင်း ချစ်ရသူကို တွေ့လိုက်ရတော့ အိမ်မက် မက်နေသည့်ပမာပင်။

ထွက်သွားသူနဲ့ ကျန်ခဲ့သူမှာ ကျန်ရစ်သူက ပိုပြီး ခံစားရတာဟု လက်ခံမိသည်။

ရှောင်းကျန့်ရဲ့ မျက်နှာကို လက်ခုပ်ထဲဆွဲယူလျက် တဖျက်ဖျက် နမ်းနေတဲ့ကလေးပေါက်က ဟန်ပင်မဆောင်န်ိုင်တော့၊ ရိပေါ် သူ့ကို အရမ်းချစ်တာကို ရှောင်းကျန့်သိသည်။
ယောင်ကိုင်းနေတဲ့ မျက်လုံးတွေနဲ့ ပြုံးနေတဲ့ နှုတ်ခမ်းတွေက သူ့က်ိုအဖြေပေးနေသည်။

LORD OF THE HEART (နှလုံးသားရဲ့ အရှင်သခင်)//completed//Where stories live. Discover now