Part 21

4.2K 336 18
                                    

" သခင်လေး ခု boss ရုံးခန်းထဲမှာက ဧည့်သည်ရောက်နေလို့ သခင်လေး ဝင်သွားချင်ရင်လည်းရပါတယ်၊ ဒါမှမဟုတ် ပျင်းနေမှာ စိုးရင်လည်း ဒီမှာထိုင်နေလို့ရပါတယ်''

ဒီနေ့ရိပေါ်ရဲ့ အလုပ်နားရက်မို့ ကိုကိုရှိသောနေရာကို လိုက်လာတာ ဖြစ်သည်။
ရိပေါ်ကို ကျိူးကိုယ်တိုင်လာကြိုပေးတာဖြစ်သည်။

"ကျွန်တော်ဒီမှာဘဲ နေလိုက်မယ်၊ ဧည့်သည်ပြန်သွားမှ ဝင်သွားလိုက်မယ် ''

သူဝင်သွားလည်း သူနားမလည်သည့် စီးပွားရေးအကြောင်းတွေဘဲ ကြားရမှာမို့ ရိပေါ်တစ်ယောက် Finance Section ရှေ့က ခုံမှာထိုင်နေတာဖြစ်သည်။ ကိုကို့ရုံးခန်းကအပေါ်ဆုံးလွှမှာဟု အတွင်းရေးမှူးကျိုးက ပြောသည်။
သူဝင်လာထဲက ဝန်ထမ်း အားလုံးက ပြာပြာသလဲလဲပင်။
မသိမသာရော သိသိသာသာပါစပ်စုသည့်အကြည့်၊ ထိတ်လန့်သည့်အကြည့်ဖြင့် ချောင်းကြည့်နေကြတာဖြစ်သည်။ကိုကိုနေထိုင်သော ပတ်ဝန်းကျင်က သူနဲ့အများကြီးကွာသည်။အားလုံးကိုမျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်ပြီး ကိုယ့်ဘာသာ တစ်ယောက်ထဲ ဖုန်းကိုသာ ဆော့နေလိုက်သည်။

" သခင်လေး ဝမ် မဂ်လာပါ ကျမက Finance Manager စုလီပါ ''

ခပ်လှလှအမျိုးသမီးတစ်ယောက်က လာနှုတ်ဆက်သည်။

"ဟုတ်ကဲ့ဗျ  မဂ်လာပါ''

သူအလိုက်သင့်ပြန်နှုတ်ဆက်လိုက်သည်။

"သခင်လေး တစ်ယောက်ထဲ ပျင်းနေမှာစ်ိုးလို့ပါ boss က ဧည့်သည်နဲ့စကားပြောနေတာကြာအုံးမလားမသိဘူး ၊ အဲ့တာကြောင့် လာနှုတ်ဆက်တာပါ ၊ ''

သူ့ထက်အသက်အနည်းငယ်ကြီးပုံပေါ်ပြီး ဖော်ရွှေစွာစကားပြောနေတာကြောင့်ရိပေါ်လည်း အလိုက်သင့်ပြောနေလိုက်သည်။ တကယ်ဆိုသူလည်းပျင်းနေတာဖြစ်သည်။ ခုက ပထမဆုံးကိုကို့အလုပ်ကိုလာဖူးတာမို့ သူနဲ့သိသူကလည်းမရှိ။

တစ်စထက်တစ်စ. မသိမသာလေး ရိပေါ် ဘေးနားလူအုံလာကြသည်။

"အိုက်ယိုး ချောလိုက်တာ တို့ boss ရဲ့အမျိုးသားလေးက ''

" အသက်ကလည်း ငယ်သေးတာဘဲ၊ boss တော့သဲသဲလှုပ်နေမှာ ''

" လက်ထပ်တဲ့နေ့က လာချင်တာ boss ကအလာမခံဘူးလေ၊ ပွဲကလည်းရုတ်တရက်ဆိုတော့ ရှောင်ကျိုးတစ်ယောက်ဘဲ သခင်လေးကိုအပြင်မှာ မြင်ဖူးလိုက်တယ် ''

LORD OF THE HEART (နှလုံးသားရဲ့ အရှင်သခင်)//completed//Where stories live. Discover now