Part 9

4.5K 397 13
                                    

ရိပေါ်က ဒီနေ့သူ့ကို လာမကြိုဖို့ပြောထားတယ်။
မနက်ခင်းတုန်းက သူဒီညနေလာကြိုမယ့်အကြောင်းပြောထားတာမို့ နေ့လည်ဘက်မှာ ဝမ်ပေါက်စ က ကိစ္စ တစ်ခုပေါ်လာလို့ အိမ်ပြန်နောက်ကျမဲ့အကြောင်းပြောလာတယ်။
သူတို့သူဌေးသားရဲ့ မွေးနေ့ပွဲရှ်ိလို့ အိမ်ပြန်နောက်ကျမဲ့အကြောင်းနဲ့ အိမ်ထိလိုက်ပို့မှာမို့ လာကြိုစရာမလိုကြောင်းလှမ်းပြောတာ....

ရှောင်းကျန့် လည်း သေချာဂရုစိုက်သွားဖို့နဲ့ပြန်ဖို့အခက်အခဲရှ်ိရင်လာခေါ်မယ့်အကြောင်းပြောလိုက်တယ်။
ခုနောက်ပိုင်း မှာသူဟာ ထူးထူးခြားခြား တွေခံစားနေရတယ်။
အဲ့ဒီအပြောင်းအလည်းက သူနဲ့မရင်းနှီးသလို ဝမ်ပေါက်စ အနားမှာဘဲ တစ်ချိန်လုံးရှိနေချင်ပြီးသူ့စိတ်တွေ နူးညံ့သွားစေတဲ့ ခံစားချက်မျိုး၊
သူဟာ ယူရီနဲ့ချစ်သူဖြစ်တုန်းကတောင် အဲ့ လိုခံစားချက်မျိုးမရှိခဲ့ဘူး။
ဒီခံစားချက်အသစ်လေးက သူ့စိတ်က်ို ဗရမ်းဗတာဖြစ်အောင်လုပ်နေပေမဲ့ အာ့လို့အသစ်အဆန်းလေးကို သူ သဘောကျတယ်။

ခုရက်ပိုင်းဆို သူဟာအလုပ်များနေရင်တောင်မှ ဖြတ်ချခဲ့ပြီး ရိပေါ်ကိုသွားကြိုနေတတ်ပြီ။

ဒီနေ့ ဝမ်ပေါက်စ က နောက်ကျမယ်ဆိုတော့ သူစိတ်နဲနဲရှုပ်သွားတယ်။
မန်နေဂျာကျန်း ကိုခေါ်ပြီး XX ဆောက်လုပ်ရေးက သူဌေး မစ္စလီနဲ့ ဒီည Dinner စားမဲ့အကြောင်းပြောပြီး ဂျပန်စားသောက်ဆိုင်တစ်ဆိုင်မှာ ဘိုကင်လုပ်ခိုင်းလိုက်တယ်။

တဖက်ကိုလည်း လှမ်းဖုန်းဆက်တော့ အဆင်ပြေသွားတယ်။
ရှောင်းကျန့် ဟာ သူ့ရုပ်ရည်နဲ့ပတ်သက်ရင် 80% ယုံကြည်ချက်ရှိတယ်။ သူ့ရုပ်ရည်ဟာ လူတဖက်သားကို မငြင်းဆန်နိုင်လောက်အောင် ဆွဲဆောင်နိုင်ကြောင်းသူသိတယ်။ တဖက်သားဟာ သူ့စကားတွေကို လက်သင့်ခံဖို့ လှည့်ပတ်ပြောနိုင်တဲ့ ပါးစပ်ပေါက်လည်းရှိတယ်။

ခြုံပြောရရင် သူနဲ့တွဲလုပ်သူအတော်များများက သူ့ဆုံးဖြတ်ချက်ကို လက်သင့်ခံကြတာများတယ်။
မစ္စလီဟာ စတွေ့ထဲက ရှောင်းကျန့် ကိုသဘောကျတာရှောင်းကျန့်သိတယ်။
သူမရဲ့ ခန္ဓာကိုယ် က လုံးကြီးပေါက်လှဖြစ်ပြီး သူမက လူမျိုးစပ်တစ်ဦး၊ ရှောင်းကျန့် လူငယ်ဘဝရဲ့အိမ်မက်ထဲက သူသတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့သူမက ကိုက်ညီတယ်။
ခုချိန်မှာတော့ မစ္စလီဟာ သူရဲ့ ရုတ်တရက် လက်ထပ်ပွဲကြောင့် အလုပ်ကိစ္စကိုပါ ကလန်ကဆန်လုပ်​နေပြီး သူမရဲ့ခံစားချက်တွေက ရှောင်းကျန့်အပေါ် ရှိဦးမလားဆိုတာ မသေချာတော့ဘူး။
ရှောင်းကျန့်ဟာ သူသတ်မှတ်ထားတဲ့ရက်အတွင်း project က ပြီးမှဖြစ်တာမို့ဒီည Dinner ပွဲမှာ  မစ္စလီနဲ့ အဆင်ပြေအောင်နေဖို့တွေးထားတယ်။

LORD OF THE HEART (နှလုံးသားရဲ့ အရှင်သခင်)//completed//Where stories live. Discover now