Part 18

4.5K 374 2
                                    

ညခင်းအချိန်ဟာ ကိုးနာရီကျော်ဘဲရှိသေးပေမဲ့ အရမ်းတိတ်ဆိတ်နေ၏။
ဆိတ်ငြိမ်ရက်ကွက် ခြံဝန်းကျယ်ကြီးတွေရှ်ိသော လမ်းမို့ တစ်ခါတစ်လေ ဖြတ်သွားသော ကားသံမှအပ ဘာသံမှမကြားရပေ။

အေးချမ်းနေသည့်ဝန်းကျင်နှင့်ဆန့်ကျင်စွာ ရေကန်ထဲမှ လူသားနှစ်ဦးကတော့ သွေးသား ဆန္ဒတို့လောင်မြိုက်ပူလောင်လျက်ရှ်ိ၏။
နှစ်ဦးသားက ပူးကပ်လျက်ရှိပြီး နမ်းရှုပ်မှုများကြောင့် ထွက်ပေါ် လာသည့်အသံများက တစ်ချက်တစ်ချက်....

ရှောင်းကျန့်၏လက်တစ်ဖက်က ရိပေါ်ခါးကို ဆွဲဖက်ထားပြီး ကျန်တစ်ဖက်က မေးရိုးကို မော့စေကာ အရပ်ကွာခြားမှုကြောင့် သူ့ခေါင်းကို ငုံ့ကိုင်းလျက်သား...

မကြာခနစိတ်ကူးယဥ်ခဲ့ရသော နူးညံ့သည့်နှုတ်ခမ်းလွှာတို့ကို ဖွင့်ဟစေလျက် သူ့လျှာကို ထိုးသွင်းကာ ဝမ်ရိပေါ်ပါးစပ်အတွင်းထိုးမွှေနေတာခံတွင်းအနှံ့၊မတုံ့ပြန်တတ်သည့်ကလေးငယ်ရဲ့ လျှာကို ရစ်ပတ်လျက် အချင်းချင်းပွတ်ဆွဲလိုက်တော့ ရင်ခွင်ထဲမှ ခန္ဓာကိုယ် လေးက တဆတ်ဆတ်တုန်ရီလျက်။
ပူနွေးစိုစွတ်သည့်လျှာက ခံတွင်းအနှံ့ပတ်ခွေနေလျက် အောက်နှုတ်ခမ်းနှင့်အပေါ်နှစ်ခမ်းတို့ကို တစ်လှည့်စီ စုပ်ယူနေ၏၊ အရမ်းကြီးကြမ်းတမ်းမနေသလို နူးညံ့မှုလည်းမရှိ၊ မထင်ထားတဲ့အချိန်မှာ ရုတ်တရက် လက်ခံလိုက်ရတဲ့အပြုအမူတို့ကြောင့် ရိပေါ်ရဲ့မျက်လုံးတို့ဟာ ပြူးကြောင်လျက်သား။
ရှောင်းကျန့်ထံမှ တစ်ချက်တစ်ချက် ထွက်ပေါ်လာသည့်အသက်ရှုသံပျင်းပျင်းတို့နှင့်အတူ ရိပေါ် ရဲ့ နှုတ်ခမ်းတစ်ခုလုံးဟာ ထုံကျင်လာရ၏၊၊
မတ်မတ်ရပ်နေသည့်ခန္ဓာကိုယ်ဟာတောင့်မခံနိူင်တော့ဘဲ ရှေ့မှရင်ခွင်ကျယ်ကြီးကိုသာ အမှီသဟဲပြုရင်း လက်သည်းတွေက ရှောင်းကျန့်၏ကျောပြင်ထဲနစ်ဝင်လုမတတ်ဖက်တွယ်ထားမိ၏။
အဖြစ်ကရုတ်တရက်ဆန်လွန်းသောကြောင့် အိမ်မက်လားတကယ်လားပင်သူဝေခွဲမရနိုင်တော့၊ အသိစိတ်တစ်ခုလုံးဟာ လွတ်မြောက်နေလျက် မြင်ကွင်းအားလုံးဟာ ဝေဝါးစွာဖြင့် လေဟာနယ်ထဲရောက်ရှ်ိနေသလိုလို....

အချိန်အတန်ကြာ နမ်းရှိုက်ပြီးသည့်နောက် ရှောင်းကျန့်ဆီမှလွတ်မြောက်မှုရရှ်ိသည့်အခါ ရိပေါ်မှာ ရှေ့ကရင်အုပ်ကျယ်ကြီးကို ခေါင်းမှီရင်းလေကို အငမ်းမရ ရှုနေရ၏၊ ခြေထောက်တွေဟာ ပျော့ခွေကျမတတ်ဖြစ်နေပြီး တစ်ခြားတစ်ယောက်ထံမှအကူအညီက်ိုယူနေရ၏။

LORD OF THE HEART (နှလုံးသားရဲ့ အရှင်သခင်)//completed//Where stories live. Discover now