Part 24

4K 307 12
                                    

ရိပေါ်တစ်ယောက် ဖုန်းကိုကိုင်ရင်းကြောင်တောင်တောင်ဖြစ်နေမိသည်။

ဖုန်းဆက်ရင်ကောင်းမလား၊ မဆက်ဘဲနေသင့်တာလား သူ မဆုံးဖြတ်ရဲ..
သူတို့ကြား ဝင်ရောက်ခြယ်လှယ်ဖို့ ဘာဆုံးဖြတ်ခွင့်မှ ကိုကိုက ပေးမထားခဲ့တာ...

ဒီအတိုင်း သူ့ဆီကိုပြန်လာပါမယ်ဆိုပြီးနှစ်သိမ့်ပေးတဲ့စကားလေးတစ်ခွန်းက ချစ်သူတွေကြားဝင်ပါနိုင်ရလောက်တဲ့ထိ အားအင်တွေမဖြစ်စေခဲ့ဘူး။

ကိုကို..သူမူးနေတာမဟုတ်လား..

စိတ်တွေရှုပ်ထွေးစွာနဲ့ ဖုန်းကိုထပ်ခါတလဲလဲပွတ်သပ်ရင်း လက်က အငြိမ်မနေ စွာ Weibo ဘဲ ဝင်ကြည့်မိတော့ သူစိုးရိမ်ခဲ့တဲ့အခြေအနေကို ထင်ထင်ရှားရှားအဖြေပေးနေ၏။

Ms.ယူရီရဲ့ လတ်တလောရိုက်ထားတဲ့ပုံတွေဟာ လှလှပပနဲ့ကို လူမှူကွန်ယက်မှာနေရာယူနေတာ.
ရွှေရောင်အသားကပ် ဂါဝန်ရှည်နဲ့ သူမရဲ့အလှတွေက မန့်တွေမှာ ချီးမွမ်းမဆုံးဖြစ်နေပေမဲ့ ရိပေါ်ကတော့ နဲနဲလေးမှ စိတ်မဝင်စားခဲ့ပေ။ သူမအစား အနောက်ဘက်မှာ မလွတ်မလပ်ပါနေသော ကိုကို ပုံတွေကိုသာ ပြူးကြည့်နေမိသည်။

တီရှပ်အဖြူပွပွနဲ့ မိုးပြာရောင်ဂျင်းကို ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားတဲ့ကိုကိုက လူငယ်ဆန်ဆန်အရမ်း ချောနေပြီး Ms.ယူရီနဲ့ အနီးဆုံးမှာ ထိုင်နေခဲ့တာ..

ဘေးတစ်စောင်းပုံတွေ၊ ဝိုင်သောက်နေတဲ့ပုံတွေနဲ့ ကိုကိုက ဒီ ဆယ်ဖီပုံတွေကို နည်းနည်းလေးတောင်မှ စိတ်ဝင်စားခြင်းမရှိလေဟန် ပေါ်ပေ၏။
ဒါပေမဲ့ လူအများကြီးထဲမှာမှ နှစ်ယောက်သားပုံက ထင်းထင်းကြီးပေါ်နေပြီး ကိုကိုပါအောင်တမင် ရိုက်ယူထားမှန်းသိသာနေသည်။

နာရီဝက်လောက်အတွင်းမှာဘဲ ကောမန့်တွေက ပလူပျံလျက် တစ်ချို့က ဘေးက ကိုကို့ကို အရမ်းချောကြောင်းတွေ ချီးမွမ်းထားကြတာ...တချို့ကလည်း ကိုကို့ကို မိတ်ဆက်ပေးဖို့ပြောနေကြသလို
တချို့ကလည်း ကိုကို့ ကိုဘယ်သူမှန်းသိနေကြသည်။

F(x) ရဲ့ producer Xiao Zhan ဆိုပြီး အရမ်းချောကြောင်းတွေ ချီးမွမ်းထားကြသည်။

LORD OF THE HEART (နှလုံးသားရဲ့ အရှင်သခင်)//completed//Where stories live. Discover now