Part 6

4.7K 395 13
                                    

ဝမ်ရိပေါ် တစ်ယောက် အိမ်ပြန်ရောက်ရောက်ခြင်းဘဲ စိတ်က ရှုပ်ထွေးသွားရတယ် ။
အကြောင်းက သူအိပ်တဲ့အခန်းထဲမှာ ပရိဘောဂတွေ စုပြုံ​နေလို့ဖြစ်တယ်။
ဆိုဖာတွေ၊ဗီဒိုတွေ၊ ခုံတွေ အသစ်စက်စက်ပစ္စည်းတွေဟာ စုံလို့။

" ဒေါ်လေးလည်းမသိဘူး သခင်လေးရဲ့ Boss က ဖုန်းဆက်ပြီး ဒီအခန်းထဲထည့်ထားဖို့ပြောတာ ''

သူနည်းနည်းတော့စိတ်တိုသွားရတယ်။
ပစ္စည်း တွေထားဖို့အတွက်ဆို စတိုခန်းလည်းသပ်သပ်ရှိတယ်။ အိမ်မှာသုံးဖို့အတွက်ဆိုလည်း ဒီပစ္စည်းတွေ သုံးဖို့နေရာအခုထိသူစဥ်းစားလို့မရဘူး။

ဘာလို့ သူအိပ်တဲ့အခန်းမှလည်း?
သူဌေးရှောင်း က သူအိပ်ဖို့အတွက် နေရာလေးတောင်မပေးချင်တော့ဘူးလား?

"အောက်ထပ်မှာ အခန်းလွတ်ရှိတယ်မဟုတ်လားဒေါ်လေး! ''

"အဲဒါက အလုပ်သမားတွေအတွက်သီးသန့်အခန်းပါ သခင်လေးနဲ့မသင့်တော်ပါဘူး''

Boss တို့ရဲ့ဆက်ဆံရေးကို သူမလည်း သိသင့်သလောက်သိတယ်။
ဒီနှစ်ယောက်ကအခုထိ သံဝါသကိစ္စတွေ မလုပ်ကြသေးဘူး။
သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အိမ်ထောင်သည် တွေနဲ့မတူဘူး။

ခြံဝန်းထဲ ခပ်ကျယ်ကျယ် ဟွန်းသံပေးလို့ ရှောင်းကျန့် တစ်ယောက်ပြန်လာပြီ။
အခန်းဝက ရိပေါ် မျက်နှာ ကသိပ်မကောင်းသလို ရှောင်းကျန့် လည်း စိတ်ကြည်မနေဘူး။

ကားလမ်းတွေ ပိတ်လို့စိတ်မကြည်ရသည့်ထဲ ရိပေါ် အကြောင်းတွေးပြီး ပိုစိတ်တိုရတယ်။
သူတစ်နေ့လုံး ဖုန်းတွေ တောက်လျောက်ခေါ်နေတာ။
ညက သူသေချာစဥ်းစားပြီး ရိပေါ်နဲ့အတူအိပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
အေးစက်စက်ကုတင်ကြီးမှာ တစ်ယောက်ထဲ အိပ်မပျော်ဖြစ်နေတာထက်စာရင် အနားမှာ တစ်စုံတစ်ယောက်ရှိနေတယ်ဆိုတဲ့အသိက နွေးထွေးမနေပေဘူးလား။
သူ့အတွက် အဆင်ပြေသလို ရိပေါ် အတွက်လည်းကောင်းတာဘဲ။
အိပ်ရေးပျက် မျက်ကွင်းညိုတာမျိုး ဘာလို့အဖြစ်ခံမတဲ့လည်း။

ဒါကြောင့် အကြံအစည်နဲ့ ပရိဘောဂတွေ ဝယ်ပြီး ရိပေါ်အခန်းထဲ ထည့်ထားလိုက်တယ်။

LORD OF THE HEART (နှလုံးသားရဲ့ အရှင်သခင်)//completed//Where stories live. Discover now