ရှောင်းကျန့်အိမ်ပြန်ရောက်သည့်အချိန်မှာ ဒေါ်လေးက ဧည့်ခန်းထဲမှာ ထိုင်စောင့်နေပြီး ဦးလေးက ခြံကိုပတ်နေသည်။
ရှောင်ကျိုးလည်းပြန်သွားပြီး သူလည်းယိုင်တိုင်တိုင်ဖြင့် အိမ်ထဲဝင်ခဲ့သည်။
"ဒေါ်လေး ရိပေါ်အိပ်နေပြီလား?''
"အိပ်နေပြီထင်တယ်သားရဲ့ အောက်ကိုတစ်ခါမှဆင်းမလာဘူး ၊ ကျန့်ကျန့် ပြန်ရောက်လာပြီဆိုတော့ ဒေါ်လေးလည်း သွားတော့မယ်''
ဒေါ်လေးက သူ့ကိုနှုတ်ဆက်ပြီးသွားဖို့ပြင်သည်။
"ခနဒေါ်လေး၊ သူထမင်းရောဆင်းစားရဲ့လား?''
"စားတယ်၊ အများကြီးတော့မကုန်ဘူး ဟင်းတွေသူမကြိုက်လို့ထင်တယ် ၊ မနက်ကျမှစျေးစောစောသွားပြီး သူကြိုက်တာလေးတွေ ဝယ်ချက်အုံးမယ်''
ဒေါ်လေးက နှုတ်ဆက်ပြီးပြန်သွားလေပြီ။ သူလည်း အပေါ်ကိုတက်ခဲ့သည်။
အခန်းထဲကမီးက မှိတ်ထားတာမို့သူခလုတ်ကိုအသာဖွင့်လိုက်တော့ ကုတင်ပေါ်မှာရိပေါ်ကို ကွေးကွေးလေးတွေ့ရသည်။
ဖုန်းလေးက စားပွဲပေါ်မှာ တင်လျက်သားလေး သူခေါ်ထားသမျှ misscalled တွေနဲ့..." ဝမ်ပေါက်စ ၊ ကလေးလေး ''
အိပ်နေသူလေးနားသွားပြီးမျက်နှာချင်းဆိုင်ကာ ဒူးကွေးထိုင်လိုက်သည်။
နှာခေါင်းလုံးလုံးလေးကို အသာတို့လျက် တိုးတိုးလေးခေါ်ကြည့်တော့ ပြန်မထူး။"အစောကြီး အိပ်နေတာလား?၊ က်ိုကိုပြန်ရောက်ပါပြီ''
ကလေးငယ်က နဖူးကြောတစ်ချက်ရှုံ့သွားရုံမှလွဲ ပြန်တုံ့မပြန်။
နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်ပျော့ပျော့လေးတွေကို တစ်ချက်သပ်တင်ပေးလိုက်ပြီး နဖူးကို ခပ်ဖွဖွလေး တစ်ချက်နမ်းလိုက်သည်။ အိပ်ပျော်နေတဲ့ကလေးလေးကို အိပ်ရေးမပျက်စေချင်ဘူး။
ခြေရင်းမှာ ခေါက်ထားတဲ့စောင်ကို ဝမ်ပေါက်စ ကိုခြုံပေးလိုက်ပြီး ရေချိုးဖို့ပြင်လိုက်သည်။
အပြင်လျှောက်သွားနေတာကြောင့်ရော ပွဲမှာ လူပေါင်းစုံနဲ့စကားပြောနေရတာကြောင့်ပါ စုလျက် လူကအရမ်းပင်ပန်းနေပြီ။
အဝတ်အစားတွေ က အရက်နံ့နဲ့၊ချွေးနံ့စုံလျက် ငြီစီစီကြီးမို့ ချွတ်ချလျက် ရေအမြန်ချိုးလိုက်သည်။