ညဘက်ထမင်းဝိုင်းလေးက တိတ်ဆိတ်နေ၏။ ပုံမှန်လည်းစကားအများကြီးမပြောဖြစ်ကြပေမဲ့ ဒီနေ့ကမျက်နှာပူစရာလည်းဖြစ်ထားတာကြောင့်နှစ်ယောက်သားက စကားမပြောဖြစ်ပေ။
ဒီအခြေအနေကအရမ်းကို ကသိကအောက်နိုင်သည်။
ရိပေါ်လည်းခေါင်းအောက်ငုံ့ကာ ထမင်းစားနေရာမှ ရှောင်းကျန့်ကို တစ်ချက်ခိုးကြည့်လိုက်၏."ဘာ...ဘာဖြစ်လို့လည်း?''
ရှောင်းကျန့်ကဘယ်အချိန်ထဲကသူ့ကိုကြည့်နေမှန်းမသိ။ မျက်ဝန်းတွေကရယ်မြူးရိပ်တို့သန်းနေလျက် လခြမ်းကွေးလေးလို ကွေးကွေးလေးဖြစ်နေသည်။
နှုတ်ခမ်းထောင့်စွန်းတွေကတော့ သိသိသာသာ ပြုံးနေလျက်သား...
လက်နှစ်ဖက်ကိုယှက်လျက်မေးစေ့အောက်တွင်ထောက်ထားကာ ဝမ်ရိပေါ်ကိုဘဲ သေချာကြည့်နေတာဖြစ်၏..
သူတွေးနေတာက...ဝမ်ရိပေါ်လည်းအာ့လိုဖြေလျော့နေတဲ့ အချိန်မျိုးဆို သူ့မျက်နှာလေးက ရဲနေမလား?
နှုတ်ခမ်းရဲရဲလေးတွေကိုဖိကိုက်ထားမလား?
ဘယ်လိုပုံစံမျိုးနဲ့ထိုအချိန်တွေကိုဖြတ်လည်းဆိုတာ ရုတ်တရက်သူသိချင်လာရသည်။မျက်လုံးထဲပုံဖော်ကြည့်တော့ အရမ်းဘဲ ချစ်ဖို့ကောင်းနေသည်။
သို့ပေမဲ့ ဝမ်ပေါက်စက်ိုသူ့အတွေးတွေသေချာပေါက် ထုတ်ပြောလို့မရ...သူမျက်နှာကို ပြန်တည်လိုက်ပြီး ဝက်သားပြားတစ်ဖတ်ကို ပါးစပ်ထဲကောက်သွပ်လိုက်သည်။ခနကြာမှ သူ့က်ို ပြူးကြည့်နေသူလေးထံမေးလိုက်သည်။
"ဒီနေ့ ပြန်တာစောတယ် ဝမ်ပေါက်စအလုပ်မဆင်းတာလား?''
"မဟုတ်ဘူးကိုကို၊ သူဌေးကတစ်ပါတ်ကိုနားချိန်တစ်ရက်ပေးတာ ဒီနေ့ကိုကျွန်တော်ယူလိုက်တာ''
ရိပေါ်စကားကိုသူခေါင်းညိမ့်လိုက်ပြီး တစ်ဆက်ထဲ မျက်နှာကြောခပ်တင်းတင်းနဲ့ကောင်ကိုပါ ပြေးမြင်မိသည်။
"အော်...ဒါနဲ့ ဟိုကောင်ရော..သူဌေးသားဆိုတာ ''
ရှောင်းကျန့်ကထိုကောင်ကိုအမြင်လုံးဝမကြည်။တွေ့တွေ့ချင်းသူ့ကိုစူးစူးရဲရဲကြည့်ရဲတာ၊ဝမ်ပေါက်စသူငယ်ချင်းသာဟုတ်မနေရင်နေရာမှာတင် ဆွဲထိုးပြစ်လိုက်မည်။