Part 22

4.5K 344 43
                                    

တံခါးခေါက်သံနှစ်ချက်ထွက်လာပြီး ပြုံးဖြီးလို့ ဝမ်ရိပေါ်ဝင်လာသည်။ အရုပ်တွေပါတဲ့
ရှပ်လက်တိုအပွ ကို အထဲက T shirt အဖြူနဲ့တွဲဝတ်ထားပြီး ဘောင်းဘီဒူးထိအနက်ရောင် ခပ်ပွပွနှင့်ရိပေါ်က ပုံမှန်ထက် ပိုငယ်နေသယောင်။

"ကိုကို မျက်နှာက စူပုပ်နေတာဘဲ ၊ အလုပ်ပင်ပန်းနေပြီလား ?''

စားပွဲကို ကျော်လျက် သူ့ နောက်ကို လျှောက်လာကာ ပုခုံးကိုခပ်ဖွဖွလေး လာနှိပ်သည့်ငတိကြောင့် ထွက်နေတဲ့ဒေါသတို့ ပြန်ဝင်ကုန်သည်။ နှလုံးပီတိဂွမ်းဆီထိပြီး ပြုံးတော့မလိုဖြစ်သွားတဲ့ရုပ်က်ို မနဲ ပြန်တည်ထားရသည်။

"နေပါအုံး ဝမ်ပေါက်စ ကဘာတွေပြောနေရလို့ ရုပ်ကအဲ့လောက်ဖြီးနေတာတုန်း''

" ဖြီးမှာပေါ့ သူတို့က ကျွန်တော့် က်ိုချောတယ်တဲ့လေ အဟီး..၊ ငယ်ငယ်လေးနဲ့ ချစ်ဖို့ကောင်းတယ်တဲ့ ဒါအမှန်တွေမဟုတ်လား''

ကျေနပ်စွာပြောနေသူကို လက်ဆွဲပြီး သူ့ပေါင်ပေါ်ခွထိုင်ခိုင်းလိုက်သည်။

" အမှန်တွေဆိုတောင်သူတို့ပြောစရာလား၊ ကိုကို့ကလေး ချစ်ဖို့ကောင်းတာ ကိုကိုသိတယ်၊ အဲ့ဒီမိန်းမတွေကလေ နှာဘူးမတွေ နောက်သူတို့နဲ့ ဝေးဝေးနေ၊ အရမ်းအန္တရာယ်များတယ်''

ရိပေါ်ခါးကို နောက်က ခပ်ဖွဖွဖက်ရင်းပြောတော့ ငတိက ရယ်သည်။

"ကိုကိုကလည်း သူတို့ကခင်ဖို့ကောင်းပါတယ်၊ ခုကျွန်တော့ဆိုင်လိပ်စာ ပေးထားတယ်.သူတို့က အချိန်ရရင်လာအားပေးအုံးမှာတဲ့ အဟ်ိ...''

သူ့ကို ချောတယ်ပြောလို့ကျေနပ်နေတဲ့ကောင်လေးက ရွှင်မြူးနေလျက်။
သူစကားကို ကိုကိုက မျက်ခုံးနှစ်ဖက် ပင့်လျက် ခေါင်းတဆက်ဆက်ညိမ့်သည်။

" ဝမ်ရိပေါ် ''

"အွန်း က်ိုကို''

" ကိုကို့အလုပ်ကို လာပြီး တစ်ခြားစီးပွားရေးကြော်ငြာရဲတယ်ပေါ့ ''

"ဟာ...က်ိုကိုကလည်း၊ ကျွန်တော်က ကျန်းမာရေး နဲ့ညီညွတ်ပြီး အရသာရှိတဲ့အစားအသောက်တွေ စားစေချင်ယုံပါ။ အဲ့တာမှ ကိုကို့ဝန်ထမ်းတွေအလုပ်ပိုကြိုးစားလုပ်နိုင်မှာ မဟုတ်ဘူးလား?''

LORD OF THE HEART (နှလုံးသားရဲ့ အရှင်သခင်)//completed//Where stories live. Discover now