part 29

4.2K 270 11
                                    

" (......) လမ်းက ကွန်ဒိုတွေ လေလံဆွဲဖို့ဒီနေ့သွားရမယ်မဟုတ်လား?  အဲ့နေရာက လူအများကြီးစိတ်ဝင်စားတော့ စျေးဘယ်လောက်ထိပေါက်သွားမလဲဆိုတာငါသိချင်တယ်''

မန်နေဂျာကျန်းကတော့ သူ့ကိုမော့မကြည့်ဘဲအလုပ်ရှုပ်နေတဲ့ boss ဘေးနားရပ်ရင်း မျက်ခုံးခပ်လှုပ်လှုပ််ရယ်...
boss နဲ့သွားရတဲ့ခရီးတိုင်း သူ့မှာ အလေးအပင်တစ်ခု၏ဖိထားခြင်းခံရသလို အမြဲကိုအသက်ရှုမဝဖြစ်နေတော့တာ။
ဒါတောင် ခုရက်ပိုင်း သခင်လေးဝမ်စာမေးပွဲရှိနေတာမို့ သူအမြဲစောစောပြန်ပြီး သွားကြိုနေတတ်တာကြောင့် ရုံးမှာ နေ့တဝက်လောက်ဆို ဆူညံစည်ကားနေတတ်သည်။ဌာ နတွေ ဟိုကူးဒီကူးနှင့် အားလုံးကလွတ်လပ်နေကြသလို boss ကလည်း ခုရက် cctvတောင်ပြန်ကြည့်ချိန်မရှိသည်ထင့်။
ဘာမှခေါ်မပွားသေး၍ အားလုံးကအတင့်ရဲကာ boss ပြန်မည့်အချိန်သာစောင့်နေတာဖြစ်သည်။

ဟော..ဒီနေ့လည်း boss ပြန်ရင် ပိုက်ဆံစုပြီး မုန့်မှာစားဖို့တိုင်ပင်ထားကြတာ ကိစ္စတော့ ပြတ်ပြီထင်၏။

" ကျန်း ခင်ဗျား ဒီစာရွက်ကို စုလီဆီသွားပေးလိုက်၊ ပြီးရင် ငါ့ဆီreport တင်ဖို့ပြော၊ ဘာဖြေရမလဲဆိုတာ တစ်ခါထဲစဥ်းစားလို့နော် ၊ သူ့ကိုရာထူးတိုးပေးထားတာအလကားမဟုတ်ဘူး၊ ဘာတွေ့ရင်ဘာလုပ်သင့်လဲပါပိုစဥ်းစားခိုင်းတာ ''

လက်ထဲရောက်လာတဲ့စာရွက်အထပ်လိုက်ကို ကြည့်မိတော့

အိုး....ဒါတွေက ငါတို့ ဟိုနေ့က မုန့်မှာစားတဲ့ပုံတွေနဲ့ လွတ်လေးရေးရနေတဲ့အချိန်တွေ၊ ဘယ်နှစ်ခါအိမ်သာသွားပြီး ဘယ်နှစ်ခါရေသောက်လဲကအစ အတိအကျနဲ့ကိုမှတ်တမ်းတင်ထားပါရောလား?ငါတို့တော့သေပြီ
ဘယ်သူကများဒီလောက်ထိ အသေအချာစာရင်းလုပ်ပေးထားရတာလဲ၊ ရုံးမှာ boss မရှိရင်တောင် သူလျှိုကရှိနေပြီ။

အန္တရာယ်နံ့တွေရနေတဲ့ အခန်းထဲက ခပ်သုတ်သုတ်ထွက်ဖို့ပြင်၏။

"အော်..ခန ''

"ပြီးရင် အပြင်လိုက်ရမယ်ဆိုတာသိတယ်မဟုတ်လား ကားအောက်မှာအဆင်သင့်ပြင်ထားလိုက်၊ ရှောင်စုန့်က ရိပေါ်ကို သွားကြိုရမှာဆိုတော့ အင်း...ဒီနေ့က ရိပေါ်စာမေးပွဲနောက်ဆုံးနေ့မဟုတ်လား ''

LORD OF THE HEART (နှလုံးသားရဲ့ အရှင်သခင်)//completed//Where stories live. Discover now