အချိန်က 10မိနစ်လောက်ဆိုပေမဲ့ ရိပေါ် အဝတ်အစားလဲတာ ဘာညာအကုန်ပေါင်းတော့ 15 မိနစ်လောက်တော့ကြာသွားတယ်။
သူနဲ့ ရိပေါ်က တရားဝင်လက်ထပ်ပြီးသားမို့ အိမ်ထောင်စုစာရင်းမှာလည်း ရှောင်းမျိုးရိုးကိုယူလို့ ရှောင်းရိပေါ်ဖြစ်နေပြီ။
ရှောင်းကျန့်ကတော့ ရိပေါ် ကို သူ့ရဲ့မျိုးရိုးအတိုင်းလေးသဘောကျလို့ ဝမ်ရိပေါ် ၊ဝမ်ပေါက်စ အဲ့အတိုင်းဘဲခေါ်တယ်။
အိမ်ထောင်သက်တစ်လကျော်အတွင်းမှာ သူတို့လည်းရင်းနှီးမှုအတိုင်းအတာတစ်ခုရောက်လာပြီ။
ခုဆို တွေ့စက အေးစက်စက် မာကျောကျောအရေခြုံ ပုံလေးက ရှောင်းကျန့် မျက်လုံးထဲ ကလေးဆန်ဆန်အဖြစ်ပြောင်းသွားတယ်။ရိပေါ်ဘာလုပ်လုပ် သူ့မျက်လုံးထဲ ကလေးတစ်ယောက်လိုဘဲ မြင်နေတယ်။ တကယ်တော့လည်း သူ့ထက် ခြောက်နှစ်ဘဲကွာတာမလား။
ကားတံခါးဆွဲဖွင့်လို့ သူ့ဘေးနားဝင်ထိုင်လိုက်တော့ ရှောင်းကျန့် က ခါးပတ်ကိုဆွဲပတ်ပေးတယ်။
ရိပေါ် တစ်ချက်တွန့်ခနဲ ဖြစ်သွားပြီး သူ့ကိုမော့ကြည့်လိုက်တယ်။
"နောက်နေ့တွေ လာမကြိုပါနဲ့ ။ သူဌေးရှောင်း ကအရမ်းအလုပ်များတာ ကျွန်တော်အားနာတယ်''
လမ်းကြောက ကြပ်နေတာမို့ ရှောင်းကျန့် လည်းအဆင်ပြေမဲ့လမ်းကိုရှာနေရတယ်။
"ကိုယ် အမြဲကြိုနိုင်မှာလည်းမဟုတ်ဘူးလေ။ ဒီတိုင်း အလုပ်နဲနဲပါးနေလို့ ''
ကားထဲက အသံကတိတ်သွားပြန်တယ်။
ရိပေါ်ဘာတွေ တွေးနေမလည်းမသိဘူး။သူနဲ့ရိပေါ် တစ်ခါမှ အပြင်ထွက်ပြီးညစာမစားဖူးတာသတိရသွားတယ်။
ကားလမ်းနဲနဲကြပ်တာကလွဲလို့မှောင်ရီစ အချိန်လေးက မြို့တော်ရဲ့မီးရောင်စုံအောက်မှ လှပနေသလိုဘဲ။"အလုပ်အဆင်ပြေလား? "
"ပြေပါတယ်။ ဒီနေ့အလုပ်နဲနဲတော့ရှုပ်တယ်။ အလုပ်သမားတစ်ယောက်ခွင့်ယူထားတော့ရှိတဲ့လူနဲ့အဆင်ပြေအောင်လုပ်ရတာ နဲနဲလေး ပိုပင်ပန်းတယ်''
ဝမ်ရိပေါ် က နောက်မှီကိုခေါင်းလှန်ချလို့ ပြောတယ်။
" အရမ်းပင်ပန်းနေရင်ထွက်တာကောင်းမယ်ထင်တယ်။ ကျောင်းစာကတစ်ဖက်နဲ့မင်းအဆင်ပြေပါ့မလား?''