ကိုကို ခရီးထွက်သွားတာနှစ်ရက်မြောက်ရှိပြီ။ ရိပေါ်က်ို ခေါ်မရတာမို့ သူ့ဘာသာ စိတ်ကောက် ထွက်သွားတာကြောင့် ခုတော့ ရိပေါ် မှာ ဖုန်းနဲ့လူနဲ့မခွာရဲ..
တစ်နေ့ထဲကို အကြိမ် ပေါင်းများစွာ ဖုန်းခေါ်ပြီး မက်ိုင်မိရင် ရစ်ထုတ်လုပ်သေး၏။ တစ်ခါတစ်လေကျ ဘယ်သူကအကြီးမှန်းမသိအောင် သူကဘဲ စိတ်ဆိုးစိတ်ကောက်လုပ်တတ်သေး၏။ ကိုကိုရဲ့ နွေးထွေးတဲ့အပြုအမူတွေ၊မရိုးမသားအကြည့်တွေကြောင့် ရိပေါ် ရင်ထဲက မျှော်လင့်ချက် လေးတွေလည်း ပိုအားကောင်းလာသည်။ဒီအိမ်မှာ နေတာမှ လူက နှစ်ယောက်ထဲ ရယ်၊ တစ်ယောက်ထဲကျန်ခဲ့တော့ပိုအထီးကျန်ရသည်။ ညစာစားပြီးချိန်လောက် က ဖုန်းတစ်ခါပြောထားပြီး ကိိုကိုအလုပ်နဲနဲရှုပ်နေလို့အိပ်ခါနီးတစ်ခါထပ်ဆက်မယ်ဆိုတာကြောင့် သူ့ဖုန်းကိုစောင့်နေရင်း အိပ်ရာပေါ်လှဲနေလိုက်သည်။
ကုတင်ကျယ်ကြီးထက်ဘယ်နေရာထိထ်ိ အေးစက်စက် နဲ့၊ ဘေးနားလူမရှိတော့ ညကလည်း ကောင်းကောင်းအိပ်မပျော်နဲ့ ဒီနေ့ခေါင်းက သိပ်မကြည်။
အိပ်ရာပေါ်ဟိုဘက်ဒီဘက်လှိမ့်ရင်း အတွေးတွေက ခေါင်းထဲဝင်လာသည်။
တကယ်တော့ သူ ကိုကို့ကို လွမ်းနေတာ၊ တယောက်ထဲတိတ်ဆိတ်နေလေ ခံစားချက်က ပိုတိုးလာလေဖြစ်ပြီး ကိုကိုကရော သူ့ကို လွမ်းနေရဲ့လားမသိ။WeChat မှ စာဝင်သံကြောင့်သူ ဖုန်းကို ကပြာကယာယူကြည့်လိုက်တော့ စိတ်ပျက်သွားရသည်။
စုန့်ယီ က ဖိနပ်ပုံတစ်ပုံပို့ထားပြီး ဟိုနေ့က ရိပေါ် လိုချင်တယ်ပြောတဲ့ပုံစံမျိုး၊ ရိပေါ် ခပ်မြန်မြန်ဘဲ သူ့အတွက် တစ်ရံမှာလိုက်ဖို့အကြောင်းပြန်လိုက်သည်။
ကိုကို နဲ့ ပြောလက်စနေရာကတော့ မနက်က ကျောင်းမသွားခင် အပြန်အလှန် ပြောထားသည့်အတ်ိုင်းပင်။
မနက်က စကားပြောဖြစ်တော့ ခုမြေကွက်ကို သဘောကျသည့်အကြောင်းနဲ့၊ ဟိုတယ်လှလှဆောက်ပြီး အနားယူဖို့ ဥယျာဥ် ပါလုပ်မဲ့အကြောင်းပြောပြသည်။ခုချိန်က ခရီးသွားရာသီမို့ ဟိုတယ်တွေ ပြည့်နေတဲ့အကြောင်းနဲ့ ကမ်းခြေက လူအရမ်းစည်ကားကြောင်းတွေ။ သူ့ကို မြေကွက်ပုံလည်းပို့ပေးသေးသည်။
ရိပေါ်ကတော့ဘယ်နားလည်းပါ့လည်း။