Part 17

4.5K 385 20
                                    

ဆိုဖာပေါ်လှဲကာ ဂိမ်းဆော့နေသောဝမ်ပေါက်စကိုရှောင်းကျန့်တစ်ချက်ကြည့်လိုက်သည်။

အမြဲလိုလို ဂိမ်းဆော့ရင်ဆော့၊ မဟုတ်ရင် သီချင်းနားထောင်နေတတ်တဲ့ ဝမ်ပေါက်စ...
တစ်ခါမှစာလုပ်တာမတွေ့ဖူး...

"ဝမ်ပေါက်စ စာမလုပ်ဘူးလား? တစ်ခါမှစာလုပ်တာက်ိုကိုမတွေ့ဖူးဘူး''

သူ့ကိုကျောခိုင်းထားတဲ့လူကခေါင်းတစ်ချက်စောင်းကြည့်လာသည်။

"စာတွေက အေးဆေးပါ၊ မရလည်း စုန့်ယီရှိတယ်''

"အဲ့ဒီကောင်လေးကိုဘဲအားကိုးနေမှာလား? စာမေးပွဲရောက်ရင်သူက မင်းအစားဖြေပေးမှာမလို့လား? ဒါမှမဟုတ် သူ့ဆီက ခိုးချမလို့လား?''

ရှောင်းကျန့်ကအိပ်ယာပေါ်တွင် laptop တစ်လုံးနှင့်အလုပ်ရှုပ်နေရာမှလှမ်းမေးသည်။ဒီကောင်လေးခုတလောတော်တော်ဆိုးလာတယ်၊ စကားပြောရင်လည်းဂျစ်ကန်ကန်နဲ့...

" ကိုကိုကလည်း?  ဒီမှာဆော့နေတာရှုံးပြီ''

သူ့ကိုအဖက်မလုပ်ဘဲ သူ့ဂိမ်းကြောင်းသူပြောနေတဲ့ရိပေါ်ကို ရှောင်းကျန့်စိတ်မရှည်တော့...
ခြေလှမ်းကျဲတွေနဲ့လျှောက်သွားကာ ဆိုဖာပေါ် ကအကောင်ပေါက်ကိုစွေ့ခနဲပွေ့လိုက်သည်။

"ဟာ...ကိုကို!ဘာလုပ်မလို့လည်း? ဒီပွဲကိုနိုင်အောင်တိုက်မလို့ပါဆ်ို''

အတင်းရုန်းကန်နေရင်းမှပင် အိပ်ရာပေါ်ပါလာရသည်။
ဒီလူကြီး အခုတလော ဘာတွေဖြစ်နေမှန်းမသိဘူး၊ စောင်ရမ်းတွေဂရုစိုက်ပြနေတယ်။ဒီကလည်း နဂိုထဲက သူ့က်ိုသဘောကျနေပါတယ်ဆိုနေမှ စိတ်မထိန်းနိုင်အောင်လာလုပ်နေတယ်။ စုန့်ယီ ကတော့ပြောတယ်...အဲ့လူကြီးကို ချေပြစ်လိုက်တဲ့။ ကိုယ်ကလည်း ခုတလော သူငယ်ချင်း တွေနဲ့ဂိမ်းအသစ်တစ်မျိုးစမ်းဆော့နေတော့ အာရုံက သူ့ဆီသိပ်မရောက်ဘူး။
မဟုတ်ရင်လည်း လေတိုက်တာကအစ သစ်ရွက်ကြွေတာအဆုံး နှလုံးသားက 'ကိုကို ကိုကို 'ဘဲ အော်နေတာ..

ရိပေါ် လက်ထဲက ဖုန်းကိုဆွဲလုလျှက် ဘေးကိုရွေ့ထားလိုက်သည်။

"အာ....သွားပါပြီကွာ၊ ပြော..ကိုကိုဘာပြောချင်လို့လည်း?''

မျက်နှာကိုတမင်ရှုံ့မဲ့ပြလျက် ဆိုတော့ ရှောင်းကျန့် အသဲယားစွာ ဝမ်ပေါက်စနှုတ်ခေါင်းလုံးလုံးကိုလိမ်ဆွဲလိုက်သည်။

LORD OF THE HEART (နှလုံးသားရဲ့ အရှင်သခင်)//completed//Where stories live. Discover now