အလုပ်ထဲမှာ ရှောင်းကျန့် မျက်နှာက စိတ်ရှုပ်ထွေးမှုတွေနဲ့ မျက်ခုံးကို တွန့်ချ်ိုးထားတယ်။
အလုပ်စားပွဲသာ ထိုင်နေရပေမဲ့ အတွေးတွေက ပျံ့လို့....မနက်က ရိပေါ် ရဲ့ ပုံစံလေးကို အူယားလွန်းလို့ ဘာလုပ်မိမှန်း သူသတိမထားမိလိုက်ဘူး။သူ့အခန်းထဲမှာ ရိပေါ်နဲ့အတူ ပြောခဲ့တဲ့စကားတွေ...အရာအားလုံးက ပုံမှန်ပါဘဲ။
"ကျွန်တော် ခေါ်ဖို့အဆင်ပြေတဲ့အခါကျ ခေါ်လိုက်မယ်''
ဒီတိုင်းနာမ်စားလေးတစ်ခုကို ဝမ်ပေါက်စ က အရမ်းတွေအလေးအနက်ထားနေလည်း နေပါစေတော့။
ရှောင်းကျန့် အတွက် ဝတ်စုံတွေ သွားတိုက်ဆေးတွေ အဆင်သင့်ပြင်ပေးပြီး ထွက်သွားဖို့ပြင်နေတဲ့ကလေးပေါက်ကို သူတားလိုက်တယ်။
"နေအုံး! ကိုယ့်အခန်းထဲမှာ တစ်ခါထဲရေချိုးသွားပါလား?''
မျက်လုံးကို ပင့်လို့ မော့ကြည့်တဲ့ဟန်တွေမှာ မကျေနပ်မှုတွေကအထင်းသား။
"နေပါစေ အောက်ထပ်မှာပြန်ချိုးမှာ ''
"ကောင်းပြီလေ...ရိပေါ် နံနက်စာ စားဖို့ကူပေးစရာလည်းမလိုတော့ ကိုယ့်ကို အဝတ်အစားဝတ်တာ ကူပေးပါလား၊အချိန်ရတယ်မဟုတ်လား? တစ်ခါ တစ်လေကျ အရေးကြီးကိစ္စ ပေါ်လာလို့ ကိုယ့်မှာ ကားပေါ်ရောက်မှ ကြယ်သီးတပ်ရတဲ့အခါမျိုးတွေရှိတယ်''
ဒါတွေက အိမ်ထောင်ဦးစီးတစ်ယောက်တောင်းဆိုသင့်တဲ့ပုံမှန်အရာတွေမှတ်လား..။
မျက်နှာက ဟန်မပျက်တည်တည်တံ့တံ့ပြောနေသော်ငြား စိတ်ထဲမှာတော့ ရယ်ရလွန်းလို့ အူနာနေပြီ။ရိပေါ်ရဲ့ မျက်နှာကတစ်စထက်တစ်စ ဆိုးရွားလာလို့ နားရွက်တွေပါနီနေသလိုဘဲ။
"ကောင်းပြီ ၊ကျွန်တော်ရေချိုးပြီး အမြန်ပြန်လာခဲ့မယ်''
ပြောပြောဆိုဆို ဆင်းပြေးသွားတော့ ရှောင်းကျန့် မှာ ကုတင်ပေါ်ထိုင်ပြီး ဗိုက်ကြောကိုနှိပ်ကာ အူးလှိုက်သည်းလှိုက်ရယ်တော့တယ်။
ခေါင်းမာတဲ့ကလေးတစ်ယောက်ကို နိုင်စားလို့ရလို့သူစိတ်ကျေနပ်နေတယ်။
သူ့ကို ယောက်ျားလို့တောင် သတ်မှတ်မထားတော့တဲ့ဝမ်ပေါက်စက်ို ပညာပေးဖို့ဆုံးဖြတ်ထားတယ်။
အများအမြင်က Boss Xiao ဟာ စိတ်တိုလွယ်ပြီး မျက်နှာကြောတင်းတင်းနဲ့ပုံဖြစ်နေပေမဲ့ သူ့ရဲ့ လူသိပ်မသိတဲ့ တစ်ဖက်ခြမ်းကတော့ အခုလိုမျိုးဘဲ။ သူဂရုစိုက်ပေးချင်တဲ့သူတွေဆို ဘာလုပ်လုပ် သဘောကျနေတတ်တာမျိုး။