Part 4

4.9K 433 1
                                    

အလုပ်တွေ ပျက်ကွက်တာကြာနေပြီဖြစ်လို့ သူအလုပ်ပြန်ဆင်းတော့ စားပွဲပေါ်မှာ Fileတွေအထပ်လိုက်။

ရှောင်းကျန့် ရဲ့စီးပွားရေးကနယ်ပယ်အတော်စုံတာမို့ လူပေါင်းစုံနှင့်လည်းဆက်ဆံရတယ်။

Xiao Group ရဲ့အောက်မှာ Hotel လုပ်ငန်းတွေရော ၊ အိမ်ခြံမြေလုပ်ငန်းတွေ၊ကွန်ဒို၊တိုက်ခန်းအရောင်းအဝယ်၊အနုပညာနဲ့ပက်သက်တဲ့ ကုမ္ပဏီကြီးတစ်ခုမှာလည်း ရှယ်ယာပါသေးတယ်။

လုပ်သမျှအောင်မြင်တယ်ဆိုရမယ်။စီးပွားရေးလောကမှာ အသက်ငယ်ငယ်နဲ့ ရှောင်းကျန့်ဟာ စီနီယာတွေကတောင်လေးစားရတယ်။

သူရဲ့ပုံစံကအရမ်းအနေတည်ပြီး စိတ်တိုလွယ်တဲ့လူစားမျိုး။
ခုလိုအလုပ်ရှုပ်တဲ့အချိန်မျိုးဆို သူ့စိတ်က ခါတိုင်းထက်ပိုစိတ်ဆတ်တယ်။
ဒီလိုအချိန်မျိုးဆို ကုမ္ပဏီတစ်ခုလုံးငြိမ်သက်လို့ အသက်ဖြောင့်ဖြောင့်မရှုရဲကြဘူး။

ဒီချိန်မှာ အမှားသေးသေးလေးကအစ ရှောင်းကျန့် ခွင့်လွှတ်ဖို့မလွယ်ဘူး။

ခုလည်း သတိထားနေရဲ့သားနဲ့ မန်နေဂျာကျန်း အတွက် ပြသနာက ခေါင်းပေါ်ရောက်လာပြီ။

ကွန်ပျူတာကိုပြူးကြည့်​နေတဲ့ ရှောင်းကျန့် မျက်လုံးတွေက စူးရှနေတယ်။

"ပြော!''

"Boss....ခုဝယ်ထားတဲ့ မြေကွက်မှာ ကွန်ဒိုဆောက်ဖို့ကိစ္စကို ခုထိ ဟိုဘက်က စာချုပ်ချုပ်မပေးဘူးဖြစ်နေတယ်။ ကျွန်တော် လွန်ခဲ့တဲ့ သုံးရက်လောက်ထဲက ဖုန်းတွေ တောက်လျောက်ဆက်တာ ပြတ်ပြတ်သားသားအကြောင်းမပြန်ဘူး''

မန်နေဂျာကျန်း မှာ အအော်ဘဲ ခံရမလား စားပွဲရှေ့က fileတွေနဲ့ဘဲ ကောက်ပေါက်ခံရမလားတွေးနေတယ်။
အဲ့ဒီဆောက်လုပ်ရေး ကုမ္ပဏီ နဲ့ ရှောင်းကျန့် တို့လက်တွဲလာတာကြာပြီ။

သူတို့နဲ့တွဲလုပ်ရတာအတော်အဆင်ပြေတယ်လို့ဆိုရမယ်။
ရှောင်းကျန့် အတော်သဘောကျတာမို့ သူဘက်က အဲ့ဒီဆောက်လုပ်ရေး ကုမ္ပဏီ နဲ့ လက်တွဲဖ်ို့အတော်ကြိုးစားထားရတာ။

ခါတိုင်းအကြိမ်တိုင်းမှာ ရှောရှောရှူရှူအဆင်ပြေနေပြီး ခုတစ်ခေါက် သူ့ကို တာဝန်ပေးတော့မှ ဒီလို ခက်ခဲရတယ်လို့။
မန်နေဂျာကျန်း အတော်ခေါင်းကြိမ်းနေပြီ။

LORD OF THE HEART (နှလုံးသားရဲ့ အရှင်သခင်)//completed//Hikayelerin yaşadığı yer. Şimdi keşfedin