Part 12

4.5K 372 5
                                    

မနက်ခင်းလေးမှာ ရိပေါ်ဟာ လန်းလန်းဆန်းဆန်းလေးနိုးလာခဲ့သည်။အရင်လိုအစောကြီးထစရာမလိုသည့်အတွက်ကြောင့် သူ့အတွက် အိပ်ချိန်ပိုရလေ၏။ပြီးတော့အနောက်ဘက်က လူကြီးကြောင့်ရော..

ရိပေါ်ဟာအနောက်ဘက်ကိုအသာလှည့်လျက် သူ့ကိုရင်ခွင်ထဲထွေးပွေ့ထားသော ရှောင်းကျန့် ကိုအစိတ်အပိုင်းတစ်ခုစီကအစသေချာအနီးကပ်ကြည့်နေလိုက်သည်။

ထင်းနေသောမျက်ခုံးတန်းတန်း၊ လှပသော မျက်ရစ်တွေနဲ့မျက်ဝန်းလှလှတစ်စုံ၊ စင်း​နေသောနှာတံတွေ၊ စွဲမက်ဖွယ်ကောင်းသောနှုတ်ခမ်းတွေနဲ့ ကိုကိုဟာအရမ်းချောလွန်းသည်။
မေးစေ့အောက်က မှဲ့လေးကလည်း တမူထူးစွာ ကိုကိုအလှကိုပံ့ပိုးပေးနေ၏.
ရိပေါ်ကြည့်နေရင်းမှပင် သဘောကျစွာပြုံးလိုက်သည်။

ဒီလိုထူးထူးခြားခြားချောတဲ့ကိုကို့ကို ရထားသည့်အတွက်သူကံကောင်းသည်။လူတိုင်းကမခေါ်နိုင်တဲ့ ကိုကိုဆိုတဲ့အသုံးနှုန်းကိုရိပေါ်ပြောခွင့်ရသည်။ပြီးတော့ ကိုကိုက ရိပေါ်အပေါ် ဆက်ဆံရေးတွေအရမ်းပြောင်းလဲလာပြီး ထိုအရာတွေက ရိပေါ် ကို အမြဲတမ်းစိတ်လှုပ်ရှားစေ၏။

ရိပေါ်ကြည့်နေရင်းမှာပင် ကိုကို့မျက်ခွံလေးတွေအသာလှုပ်လာတာမို့ ကမန်းကတမ်းမျက်လုံးမှိတ်ပြစ်လိုက်သည်။

ကိုကိုသာ သူ..ခိုးကြည့်​နေတာမိသွားခဲ့ရင် ရှ​က်လွန်းလို့ရိပေါ် ထွက်ပြေးမိလိမ့်မည်။

ဘေးအိပ်ယာပေါ်မှ နဲနဲလေးလှုပ်ရှားသွားသည်။
ရိပေါ် မျက်လွှာကိုအသာချလျက် အသက်တောင်ဖြောင့်ဖြောင့်မရှူရဲ။

ရှောင်းကျန့် လည်း သူမျက်လုံးဖွင့်ဖွင့်ခြင်းမှာပင် အနီးကပ်ရှိနေသော မျက်နှာလေးကို ခနငေးနေလိုက်သည်။

ဝမ်​ပေါက်စလေးက တကယ်ကိုချစ်ဖို့ကောင်းပါတယ်။
အိပ်နေတဲ့အချိန် ကလေးလေးနဲ့တူသလို နိုးနေတဲ့အချိန်တွေမှာလည်း ဂျစ်ကန်ကန် ပုံစံလေးနဲ့မို့ သူအူယားရတယ်။

သူကြည့်နေတုန်းမှာဘဲ မျက်ခွံမို့မို့လေးတွေက တဆတ်ဆတ်တုန်ခါနေသောကြောင့် သူအနားကပ်သွားလိုက်သည်။
အသက်ရှုသံတိုးတိုးလေးမှလွဲ တခြားလှုပ်ရှားမှုမတွေ့ရတာမို့ ထို မျက်ခွံမို့မို့လေးတွေကို သူ့နှာခေါင်းဖျားနဲ့ အသာတို့လို့ နမ်းရှိုက်လိုက်သည်။

LORD OF THE HEART (နှလုံးသားရဲ့ အရှင်သခင်)//completed//Where stories live. Discover now