Part 30

3.7K 258 4
                                    

ဝမ်ရိပေါ်နဲ့ စုန့်ယီ နှစ်ယောက်သား စီးလာတဲ့ဆိုင်ကယ်က်ို ဆိုင်လုံခြုံရေးဆီမှာသေချာ​ပြောပြီး အပ်ထားခဲ့ရ၏။
ပါကင်ထိုးတဲ့နေရာမှာဒီနေ့မှထူးထူးခြားခြား ကားတွေနဲ့တင်နေရာပြည့်နေပြီး သူတို့ဆိုင်ကယ်အတွက်ပင်နေရာမရှိပေ။

သူတို့နှစ်ယောက်ရဲ့ အတန်းဖော်ကောင်လေးက ညနေကလေးတင် သူ့ဆီလှမ်းဖုန်းဆက်အကူအညီတောင်းလာတာဖြစ်တာမို့ စုန့်ယီကိုပါ အပါခေါ်ပြီး ဆိုင်ကယ်နဲ့ နှစ်ယောက်သား လစ်ထွက်လာကြတာဖြစ်သည်။

ကိုကို့ကိုတော့တကူးတကလိုက်ပြီးစိတ်ပူနေမှာစ်ိုးတာကြောင့် စုန့်ယီဆီ ခနအလည်သွားတာလို့ပဲ ပြောထားခဲ့တာဖြစ်သည်။

ရှောင်းကျန့်ကဒီည Dinner ပွဲရှိတာမို့အရေးပါသည့် ဧည်သည့်တော်တော်များများလဲ လာမှာပြောထားတာကြောင့် သူ့ကိုအတွေးမများစေချင်တာနဲ့ ဒီကိုလာမည့်အကြောင်းတောင်ပြောမထားပေ။

သူနဲ့စုန့်ယီက ဆင်တူဝယ်ထားသော တီရှပ်ပွပွကြီးကို အောက်က ဂျင်းန်ဒူးပြဲနဲ့ တွဲဝတ်ထားတာဖြစ်သည်။
အရင်ထဲက ဒီလိုဆင်တူဝတ်ရတာကို နှစ်ယောက်လုံးကဘယ်လိုဝါသနာပါမှန်းမသိ။
ခုနောက်ပိုင်း ကိုကိုသဘောမကျတာမို့ စုန့်ယီနဲ့ဆင်တူတွေ သူထုတ်မဝတ်ဖြစ်တော့ပေမဲ့ ဒီတိုင်းကြီး သိမ်းထားရတာနှမြောဖို့လည်းကောင်းတယ်မဟုတ်လား?

ဒီညတော့ ရှောင်းကျန့် လည်း မရှိတာမို့ စုန့်ယီကို ထိုဝတ်စုံဝတ်ခဲ့ဖို့ လှမ်းပြောထားတာ ရိပေါ်ကိုယ်တိုင်ပင်ဖြစ်သည်။
နှစ်ယောက်လုံးက ငယ်ငယ်ချောချောလေးတွေမို့ သူတို့ဖြတ်လျှောက်တိုင်း အကုန်လုံးက ဝိုင်းကြည့်နေကြတာက်ို ရိပေါ်က သဘောကျသေးသည်။

ကိုက်ိုမရှိတုန်း ခနတဖြုတ်လူပျိုလုပ်ရတာ ဘယ်လောက်ကောင်းတယ်ဟုတ်။

သုတ်သီးသုတ်ပြာနဲ့ သူတို့နှစ်ယောက် ချက်ပြုတ်ရာ စားဖိုဆောင်ထဲ ဝင်သွားကြသည်။

" ရှောင်ဖန်း....ဘာကူညီပေးရမလဲ? ငါ စုန့်ယီကိုခေါ်နေတာနဲ့နောက်ကျသွားတာ''

ဝမ်ရိပေါ်က အတန်းဖော်ရှောင်ဖန်းနားသွားကာ မေးလိုက်သည်။ ထုံးစံအတိုင်း
မျက်နှာသေနဲ့ သခင်လေးကတော့ အနားမှာ အေးစက်စက်သာရပ်လျက်။

LORD OF THE HEART (နှလုံးသားရဲ့ အရှင်သခင်)//completed//Where stories live. Discover now