Chapter 1

5.9K 651 9
                                    

<Unicode>
ခွေးလေးရဲ့ ကြေကွဲစရာကောင်းတဲ့ ဘဝ (၁)

"ငါကမျိုးကောင်းမျိုးသန့် တရုတ်ကျေးလက်ခွေးမျိုးပဲ"
ငါ့ရဲ့ ဘိုးဘေးမျိုးဆက်သုံးခုလုံး ဒီလို မျိုးသန့်တဲ့ခွေးမျိုးမရှိခဲ့ဖူးဘူး။
လူသားတွေရဲ့ ရသခံခံစားတတ်မှုမျိုးနဲ့ဆို ငါ့ပုံစံက ရွက်ကြမ်းရေကျိုလောက်ပေါ့ ဒါမှမဟုတ် နည်းနည်းရုပ်ဆိုးတာလဲ ဖြစ်နိုင်တယ်။ ငါက အဖြူရောင်လဲမဟုတ်သလို အနက်ရောင်လဲမဟုတ်ဘူး။ ငါ့မှာ မီးခိုးရောင် အမွေးတွေရှိပြီး နည်းနည်းစိတ်ဓါတ်ကျစရာပုံဖြစ်နေတယ်လေ။ ငါ့ဘဝကြီးကတော်တော်တော့ ဒုက္ခရောက်သား။ အရင်ပိုင်ရှင်က ငါ့ရဲ့မွေးချင်းတွေနဲ့ငါ့ကို နို့ပြတ်ပြီးသွားကတည်းက ရေမြောင်းအသေးလေးထဲမှာစွန့်ပစ်ခဲ့တာလေ။ ရေမြောင်းထဲမှာ (သောက်)ရေလဲမရှိ။ အရမ်းလဲညစ်ပတ်တယ်။ ငါ အရင်က ခွေးဖြူလေးဖြစ်ခဲ့ပြီး ရေမြောင်းထဲမှာ အနေကြာသွားလို့များ မီးခိုးရောင်ဖြစ်သွားတာလားလို့ အမြဲသံသယရှိခဲ့တယ်။

ဘယ်သူက လှလှပပ အမွေးဖြူဖြူဖွေးဖွေးလေးမရှိချင်လို့လဲ။

နောက်တော့ ငါတို့ကို တိရစ္တာန်ကုသရေးဂေဟာဆီ ခေါ်သွားခံလိုက်ရပြီး ဘဝကြီးက ကောင်းကောင်းမွန်မွန်နဲ့ သက်သောင့်သက်သာဖြစ်သွားခဲ့တယ်။ မွေးစားဖို့လာတဲ့လူတွေ ထောင်ပေါင်းများစွာရှိပေမဲ့ ဘယ်သူမှငါ့ကိုမကြည့်ကြဘူး။ တကယ်တော့ ငါကလိမ္မာတဲ့ခွေးလေးဖြစ်ပေမဲ့ ရုပ်ရည်လိုအပ်နေခဲ့တာလေ။

ငါလဲ ငါ့ကိုစွန့်ပစ်မသွားမဲ့ သခင်တစ်ယောက်တော့လိုချင်တာပေါ့။ မမျှော်လင့်ထားပဲ တစ်နေ့မှာ ငါ့အိပ်မက်က အမှန်တကယ်ဖြစ်လာခဲ့တယ်။ ငါ့ပိုင်ရှင်ပ အရမ်းကို သလောထားကြီးတဲ့လူပဲ။ သူက ငါ့လိုတရုတ်ကျေးလက်ခွေးအပါအဝင် မျိုးမတူတဲ့ ခွေးတွေ ဒါဇင်လောက်ကို မေ့းစားထားတာလေ။ အစားအစာနဲ့ ခိုလှုံစရာအတွက် စိတ်ပူစရာမလိုတော့မဲ့ နေ့တွေကို ငါ နည်းနည်းစိတ်လှုပ်ရှားနေမိခဲ့တယ်။
ပိုင်ရှင်က ငါ့ကိုချစ်ပြီး အနားမှာလဲ အဖော်ပြုမဲ့ခွေးတွေအများကြီးရှိနေခဲ့တယ်။ သခင် ငါ့အမွေးတွေကို ဖြီးပေးတယ်။ သူကအရမ်းကောင်းတာပဲ။ ပိုင်ရှင်က ငါ့ကို အရသာရှိတဲ့ ခွေးသာတွေကျွေးတယ်။ သူကငါတို့အားလုံးကို ကောင်းကောင်းဂရုစိုက်ပေးတယ်။  ပိုင်ရှင်က ငါ့အတွက် စစ်ဆေးမှုအကုန်လုံးကို လုပ်ပေးခဲ့သေးတယ်(ဆေးစစ်)။ သူက တကယ့်ကိုကောင်းတာပဲ။

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now