Chapter 21

2.6K 491 47
                                    

<Uni>


ခွေးလေးရဲ့ကြေကွဲစရာကောင်းတဲ့ဘဝ (၂၄)

ငါ အစ်ကိုကြီးဝံပုလွေဆီကနေ အကြာကြီး အကြာကြီးအချခံလိုက်ရတယ်။ ငါမူးမေ့သွားတာတောင် အစ်ကိုကြီးဝံပုလွေက ဆက်ချနေတုံးပဲ။

[T/N: သားရီးတို့ ခွေးလေးက အင်နိုးဆန့်လေးကွ ဘာမှမသိပါဘူး။ သူပြောတဲ့ ချတယ်ဆိုတာကအရိုက််နှက်ခံရတာမျိုး။ သူ့ဘာသာသူတောင်အစားခံလိုက်ရမှန်းမသိဘူး🥲🤌🏻။]

နာတာကြောင့်ငါစိတ်ပျက်သွားတာမဟုတ်ပေမဲ့ ဝမ်းနည်းမိတယ်။

ငါနိုးလာတဲ့အခါ ငါကလှောင်အိမ်ထဲမှာမဟုတ်တော့ဘူး။ သခင်နောက်လိုက်လာနေကျ လူငယ်ချောချောလေးက ငါ့ကိုဆေးလာပေးတယ်။ သခင်က သူ့ဘေးမှာရပ်နေပြီး ရှက်နေတဲ့ပုံပေါက်နေတယ်။

"ခင်ဗျားကဘာလို့ရှက်နေရတာတုံး။ ကျွန်တော့်ကိုချတာ သခင်မဟုတ်ပါဘူး။ အစ်ကိုကြီးဝံပုလွေပါဗျ။"

ငါ လှောင်အိမ်ထဲကို စေသနာအလျှောက်ဝင်ပေးလိုက်တယ်။ ငါ့က အစ်ကိုကြီးဝံပုလွေချတာကိုခံသင့်ပါတယ်။ အဲ့ဒီဝံပုလွေကိုမှားတွက်မိသွားတယ်။

"ဝုတ်ဝုတ်"

လွန်ခဲ့တဲ့ရက်အနည်းက ငါ့ဖင် မ လိုက်တိုင်း နာကျင်တာကိုခံစားရပြီး သခင်က ငါ့ကိုပန်းခြံထဲမှာ ပြန်မပစ်တော့ဘူး။ ထပ်ပြောရမယ်ဆို သခင်က ငါ့ကိုနေ့တိုင်းအစာကျွေးပြီး ဒဏ်ရာရနေတဲ့ ငါ့ဖင်ကိုဂရုစိုက်ပေးတယ်လေ။

ငါဘယ်လိုလုပ်မပျော်ပဲနေနိုင်မှာလဲ။

ငါဆေးရုံတက်နေတုံး မတော်တဆကို စတွေးကြည့်လိုက်တယ်။

အကိုကြီးဝံပုလွေက ဘာလို့ငါ့ကိုရိုက်ရတာလဲ။ ငါဘာများမှားလို့လဲ။ ဘာလို့ အကိုကြီးဝံပုလွေက ငါ့ဖင်ကိုပဲချ(ရိုက်) ပြီး ငါ့ကိုရိုက်နှက်နေသလိုကိုက်ရတာလဲ။ ငါနားမလည်ဘူး။ တွေးကြည့်လေ ဝမ်းနည်းမိလေပဲ။ [T/N: ကယ်တင်လို့မရတော့ပါဘူးဝူးဝူး။]

စောင့်ကြည့်ရေးမှတ်တမ်း (၁၂)

မွေးမြူရေးသမား A: "ခွေးငတုံးလေး ဘာဖြစ်နေတာလဲ။ သူအဆင်ပြေရဲ့လား။"

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now