Chapter 3

3.6K 623 4
                                    

<Uni>

ခွေးလေးရဲ့ စိတ်ဆင်းရဲစရာကောင်းတဲ့ဘဝ (၂)

သခင်ငါ့ကို သားရဲတွင်းထဲစွန့်ပစ်လိုက်တာ ဘယ်လောက်ကြာသွားပြီလဲဆိုတာကိုငါမသိတော့ဘူး။ နေထွက်လာပြီဆိုတာပဲ ငါသိလိုက်တယ်။ ငါ့ရဲ့ ခွေးဘဝမှာ ပထမဆုံးအကြိမ်အဖြစ် လှောင်ချိုင့်က အလှပဆုံးအရာလို့ တွေးမိသွားတာပဲ။ သခင်က သားရဲတွင်းထဲကိုထည့်သွားပြီး အရှေ့မှာရှိနေတာက ဝံပုလွေတစ်ကောင်။ ဟုတ်တယ် ငါ့အရှေ့မှာဟ! ငါ့ဘဝကြီးကို ကာကွယ်ပေးနေတာ ဒီလှောင်ချိုင့်လေးပဲ! ဘယ်သောအခါမှ ဒီထဲကမထွက်ချင်တော့ဘူး။ ငါ ထောင့်တစ်ဖက်က ဝံပုလွေကိုကြည့်လိုက်တယ်။ ငါက သူ့ပြိုင်ဘက်မဖြစ်နိုင်ပေမဲ့ ငါတို့ခွေးတွေရဲ့ ဂုဏ်သိက္ခာကိုတော့ ကာကွယ်ချင်သေးတယ်လေ။ "အိုကေ။ ငါထပ်ကြွားနေတာ။" ငါဝံပုလွေကို ချောင်းကြည့်လိုက်ပြီး လှောင်အိမ်ရဲ့တစ်ဖက်မှာ ကျုံနေလိုက်တယ်။ ငါသေလောက်အောင် ကြောက်နေရပြီး ငါ့ရဲ့ခွေးဘဝက လောင်းကြေးထပ်နေရတယ်။ ငါကြောက်လွန်းလို့ တုန်ရီနေရတယ်။ ငါ့ ခန္ဓာကိုယ်ကို သံလှောင်အိမ်ပေါ်ဖိထားလိုက်ပြီး အရာထင်စေလိုက်တယ်။ ပြန်ကြည့်လိုက်တော့ ငါ့ မီးခိုးရောင်အမွေးတွေက ရှုပ်ပွနေပြီ။

ငါသော့ခလောက်ကိုကြည့်လိုက်၊ လှောင်အိမ်ကိုကြည့်လိုက်နဲ့ ပေါ့။ ငါ့လှောင်အိမ်က အရမ်းသေးတယ်လေ။ အဲ့နောက် ငါ ရန်သူရဲ့ ကြီးမားတဲ့ရှေ့ခြေကြီးကိုကြည့်လိုက်တယ်။

"သူဘယ်လိုမှ အထဲကိုဝင်ဖို့မဖြစ်နိုင်ဘူး။" ဒါပေမဲ့ ငါအရမ်းကြောက်နေတုံးပဲလေ! ငါစိတ်လျော့ပြီး အရှေ့ကိုတိုးဖို့ကြိုးစားကြည့်လိုက်တယ်။

ဝံပုလွေ၏မျက်လုံးတွေကဖွင့်နေသည်။ သူထပ်ရွေ့ပြန်သည်။ ဝံပုလွေရဲ့ မျက်ဝန်းတွေက ပြင်းပြင်းထန်ထန် သတိပေးမှုအပြည့်နဲ့ မြင့်တက်လာ၏။ အနည်းငယ်ထပ်ရွေ့လိုက်ပြီး ညည်းညူလိုက်သည်။ သူ့ရဲ့ရှေ့ခြေကို အနည်းငယ်ရွေ့၊ နောက်ကျောကိုကော့ပြီး နားရွက်ကိုပြားနေအောင်ဆန့်ထုတ်လိုက်သည်(အကြောဆန့်)။

သူတကယ်ကြီးလားဟ? ငါ့မှာတော့ ရွေ့ဖို့တောင်မတတ်နိုင်တာ။ ငါသက်သောင့်သက်သာဖြစ်မဲ့ အနေအထားကိုရှာလိုက်ပြီး ထပ်မလှုပ်တော့ဘူး။ ငါ့ပါးစပ်ကလဲငိုကြွေးနေတုံးပဲ။

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now