Chapter 29

2.5K 422 24
                                    

<Uni>

ဝံပုလွေအုပ်ထဲမှာ ငါ အစာစားဖို့ ပါးစပ်လေးပဲဟနေပြီး ဝတ်စားဖို့လက်လေးထုတ်ပြီး ပျင်းရိတဲ့ကပ်ပါးကောင်တစ်ကောင်လို လွယ်ကူတဲ့ဘဝတစ်ခုကိုနေရမယ်လို့ထင်ထားတာ။

အဲ့တာကအမှန်ပဲ။ ထပ်ပြောရရင် ငါ အစ်ကိုကြီးဝံပုလွေနဲ့ နေ့တိုင်းအိပ်ရာဝင်စကားစမြည်လေးပြောပြီး အစာစားဖို့ အကိုကြီးဝံပုလွေကိုစောင့်တယ်။ အစ်ကိုကြီးဝံပုလွေက သမင်တွေ ကျွဲနွားတိရစ္ဆာန်တွေကိုအမဲလိုက်ဖို့ ဝံပုလွေတွေကို မကြာမကြာ ခေါ်သွားတတ်တယ်။ ငါက ဝံပုလွေသားရဲတွင်းထဲမှာနေပြီး ယုန်နဲ့ဆော့နေရုံပဲလိုတယ်။

အစ်ကိုကြီးဝံပုလွေက နေ့တိုင်း ငါ့ဖို့ လတ်ဆတ်တဲ့အသားတွေ ပြန်ယူလာလိမ့်မယ်။ အဲ့တာက တိရစ္ဆာန် ရဲ့ အနူးညံ့ဆုံးနဲ့ အရသာအရှိဆုံးအပိုင်းလေ။ ဝံပုလွေမိသားစုမှာ မသွေဖီတဲ့ ရာထူးအဆင့်ဆင့်ရှိတယ်။ သားကောင်အသတ်ခံရတာနဲ့ ဝံပုလွေဘုရင်ကအရင်စားရပြီး အကိုကြီးဝံပုလွေက အမြဲအကောင်းဆုံးကိုရတယ်လေ။ အသားကဖြဲဆုတ်ခံရပြီး ငါ့ဆီကိုယူလာတယ်။

အစ်ကိုကြီးဝံပုလွေက ငါ့အပေါ်အရမ်းကောင်းတယ်။ ဝံပုလွေမိသားစုက အစားကြူးပြီးရင် ရက်တော်တော်ကြာတဲ့အထိ အစာစားလေ့မရှိဘူး။ bison(ပြောင်) တစ်ကောင်က သူတို့ကိုအချိန်အတော်ကြာ ဗိုက်ပြည့်နေစေပေမဲ့ ငါ့လိုခွေးကတော့မလုပ်နိုင်ဘူးလေ။ ငါကနေ့တိုင်းစားဖို့လိုတယ်။

သူအမဲလိုက်မသွားတဲ့နေ့တွေဆို အစ်ကိုကြီးဝံပုလွေက ငါ့ဖို့ ယုန်ဖမ်းပေးတယ်။ အစ်ကိုကြီးဝံပုလွေကအရမ်းကောင်းတာပဲ။ ဘယ်လိုဖြစ်ဖြစ် ဒီရက်တွေမှာ အကိုကြီးဝံပုလွေက ရူးသွပ်တဲ့အရာတွေဖြစ်နေတာကိုမသိဘူး။ သူက အဖေနဲ့သားဇာတ် အမြဲခင်းချင်နေတယ်။(roleplay before X)

ဝံပုလွေမိသားစုမှာ ဝံပုလွေဘုရင်နဲ့ ဝံပုလွေခေါင်းဆောင်ကပဲ မိတ်လိုက်ခွင့်ရှိတယ်။ ဝံပုလွေအမတွေက ဝံပုလွေအုပ်နဲ့အတူတူ အမဲလိုက်ရပြီး ဝံပုလွေပေါက်တွေရဲ့ အစာက မိဘတွေစားမြုံ့ပြန်တဲ့အပေါ်မူတည်တယ်။ ငါအဲ့မြင်ကွင်းကိုမြင်ဖူးတယ်လေ။

ဝံပုလွေထီးက အစာကိုမြိုပြီး ဝံပုလွေ့တွေရဲ့သားရဲတွင်းကိုပြန်ယူလာလိမ့်မယ်။ ဝံပုလွေပေါက်လေးတွေက အဖေ ဒါမှမဟုတ် အမေရဲ့ ပါးစပ်ထောင့်ကို လျက်ဖို့မစောင့်နိုင်ကြဘူး။ အဲ့တာက ဝံပုလွေထီးရဲ့ အစာခြေကြွက်သားတွေကို အထောက်အကူပေးပြီး စာမြုံ့ပြန်တဲ့ အရှိန်ကို မြှင့်လာနိုင်စေတယ်လို့ပြောလို့ရတယ်။

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြNơi câu chuyện tồn tại. Hãy khám phá bây giờ