Chapter 35(END)

3.8K 439 20
                                    

<Unicode>

မွေးမြူရေးသမားC ၏ ကြေကွဲဖွယ်ကောင်းသောဘဝ

ဒေါက်တာရှီက ထုပ်ပိုးထားတဲ့ဘူးကိုဖြည်လိုက်ပြီး ကျန်းရှောင်ရှေ့ထားလိုက်သည်။ သူက ညွှန်းဆိုလိုက်ပြီး "ခေါင်းဆောင် ဒီငါးချဥ်ကအရသာရှိတယ်။ စားကြည့်ပါလား။"

ကျန်းရှောင် သူနဲ့ကောင်မလေး လွန်ခဲ့တဲ့အချိန်က ငါးစားခဲ့တဲ့မြင်ကွင်းကိုတွေးမိပြီး ရွံရှာသလိုခံစားလိုက်ရသည်။ သူက ငါးကိုတွန်းထုတ်လိုက်ပြီး ဆိုးရွားတဲ့လေသံဖြင့်ပြောလိုက်၏။ "ကိုယ်မစားဘူး။ မင်းဘာသာမင်းပဲစား။"

"အို့" ဒေါက်တာရှီက ငါးကိုသူ့ရှေ့ချလိုက်သည်။ သူ တူကိုရွေ့တော့မဲ့အချိန်မှာပဲ သူ့ရှေ့ကငါးက ထပ်ပြီးအဆွဲခံလိုက်ရတယ်။

"မစားနဲ့။ ကြာနေပြီ။ စားချင်ရင်အသစ်ထပ်မှာလိုက်။" ကျန်းရှောင်က စားပွဲထိုးကိုခေါ်ပြီး ငါးချဥ်နဲ့ တခြားဟင်းပွဲတွေကိုမှာလိုက်သည်။ စားပွဲထိုးက ငါးချဥ်ကိုပြန်ယူသွားတော့သည်။

"အဲ့ငါးကအခုလေးတင်ဝယ်ထားတာ။ ဈေးကြီးတာကို ဘယ်လိုလုပ်မကောင်းပြီးညှီရမှာလဲ။" ဒေါက်တာရှီက အသံကိုနှိမ့်ပြီး တီးတိုးပြောလိုက်၏။

"မင်းဘာတွေပြောနေတာလဲ။" ကျန်းရှောင်နားမလည်ပေ။

"ဘာမှမဟုတ်ပါဘူး။" ဒေါက်တာရှီက သူမကောင်းတဲ့စိတ်အခြေအနေမှာလို့ ခံစားမိနေသည်။ "ခေါင်းဆောင် ကျွန်တော် ဝိုင်မှာလို့ရမလား။"

"သောက်တတ်တာလား။"

"နည်းနည်းပါးပါး ပါ။"

"နည်းနည်းပါးပါး"ဆိုတာ တစ်ခွက်ပြီးတစ်ခွက်လောင်းထည့်တာမှန်း ကျန်းရှောင်သိခဲ့ရင် သူ ဒေါက်တာရှီကိုဘယ်တော့မှ သောက်ခိုင်းမှာမဟုတ်ပေ။

ဒေါက်တာရှီမူးလာတဲ့အခါ အရမ်းကိုစကားများလာသည်။

"အဖွဲ့ခေါင်းဆောင် ခင်ဗျားဘာလို့ အရမ်းဆိုးရတာလဲ။ ကျွန်တော်ရှင်းပြပြီးပြီပဲကို ဘာလို့မပျော်သေးတာလဲ။" ကျန်းရှောင်က အစားစားနေသည်။ သူက ဝိုင်ခွက်ကိုလက်ကကိုင်လိုက်ပြီး ရေနွေးတစ်ခွက် သူ(ရှီ)ကိုပေးလိုက်သည်။ "ကိုယ့်အမှားပါကွာ။ တောင်းပန်ပါတယ်။ သောက် ​ရေနည်းနည်းသောက်လိုက်။"

🎉 You've finished reading ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြ 🎉
ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now