Chapter 8

2.9K 519 9
                                    

<Unicode>

စောင့်ကြည့်မှတ်တမ်း (၄)

မွေးမြူရေးသမား A: "မင်းမွေးထားတဲ့ ငတုံးခွေးကို လာပြီးကြည့်စမ်းပါအုံး။ သူဘာလုပ်နေတာလဲဆိုတာ သေချာပေါက်သိမှာမဟုတ်ဘူး။"

မွေးမြူရေးသမား D: "... ငါ ဒီကောင်ကို နည်းနည်းလျော့တွက်မိသွားတယ်။"

မွေးမြူရေးသမား B: "ယို့ ဒီခွေးလေး လျှာထုတ်နေတာက ချစ်ဖို့ကောင်းသား။"

မွေးမြူရေးသမား A: "မင်းတို့ ယုံချင်မှယုံလိမ့်မယ်။ သူ တကယ်က ဝံပုလွေကို ခွေးစာစားတတ်အောင်သင်ပေးနေတာ။ "

"ဘာကြီး။"

မွေးမြူရေးသမား B: "..." ဒီ တိရစ္ဆာန်ရုံက ပိုက်ဆံတစ်ပြားမှမရှိလောက်အောင် မွဲတေနေပြီလား။

မွေးမြူရေးသမား A: "ဒီ ဝံပုလွေက တကယ်တန်း ကြမ်းကြုတ်ပြီး ရန်လိုတတ်တဲ့အမျိုး။ သွားပြီး ခွေးဒဏ်ရာရသွားလားဆိုတာ ကြည့်လိုက်အုံး။ ဝံပုလွေကို ခွေးစာ စားအောင်လုပ်လိုက်တာ ဒီခွေးပေါက် ဘာမှမသိဘူးပဲ။ နေပါအုံး ဝံပုလွေက ဘယ်လိုစားလိုက်တယ်။ တိပ်ကိုပြန်ရစ်လိုက်။ ဝံပုလွေက ဘာလို့ ခွေးစာစားရတာလဲ။"

မွေးမြူရေးသမား B,C,D: "ငါတို့ကိုမကြည့်နဲ့လေ။ ငါတို့လဲ မယုံကြည်နိုင်ဘူးဖြစ်နေတာ။"

မွေးမြူရေးသမား B: "မျှော်လင့်ချက် အလင်းရောင်လေးကိုတွေ့ရပြီ။"

မွေးမြူရေးသမား D: "ခွေးစာ စားလိုက်တာလဲ ​ကောင်းတာပဲမဟုတ်လား။ အဲ့တာ အာဟာရလဲ ညီမျှတယ်။ ပြီးတော့ ယုန်သားထက်လဲ စျေးပေါတယ်လေ။"

မွေးမြူရေးသမား A,B,C: "..." မင်းမကောင်းဆိုးဝါးလား။

အခန်း (၄) ဝံပုလွေထွက်ပြေးသွားခြင်း

ခွေးလေးရဲ့ကြေကွဲစရာကောင်းတဲ့ဘဝ (၁၀)

နောက်ထပ်ရက်အနည်းငယ်ကြာတော့ ငါနဲ့ အစ်ကိုကြီးဝံပုလွေ အေးအေးဆေးဆေးပဲ။ သူ နောက်ထပ် ငါ့ကို မခြောက်တော့ဘူး။ ငါလှောင်အိမ်အပြင်ထွက်တဲ့ အချိန်မှာတောင် ငါ့ကို လျစ်လျူရှုထားပြီး ငါလဲ အဲ့တာကိုကျေနပ်တယ်လေ။ ငါ တစ်ခါတစ်လေ တော့ ​လှောင်အိမ်ထဲကနေ သူ့ကိုချောင်းကြည့်တတ်တယ်။

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now