Chapter 30

2.5K 426 26
                                    

<Uni>


ငါ ဝံပုလွေအမဲလိုက်တပ်နဲ့ ပူးပေါင်းလိုက်တော့ အစ်ကိုကြီးဝံပုလွေကို တိတ်တိတ်လေးစိုက်ကြည့်နေတဲ့ ဝံပုလွေအမတွေ တကယ်ပဲရှိနေတာ။

"ဟမ့် သူတို့ရဲ့ လျည့်ဖျားမှုတွေက ငါ့ဇာတ်ကွက်ရှေ့မှာ အသုံးဝင်မှာမဟုတ်ဘူး။"

အစ်ကိုကြီးဝံပုလွေက အမဲလိုက်အချက်ပြဖို့ မှတ်ချက်အနေနဲ့အူလိုက်ပြီး သူတို့က အနောက်ကနေ ဝမ်းနည်းစွာပဲလိုက်အူကြပြီး အူသံက ဝမ်းဗိုက်မွတ်သိပ်ခြင်းတစ်ခုလို့ခေါ်တယ်။ မအူတဲ့ငါကလွဲလို့ ဝံပုလွေတွေအကုန်လုံးက အစ်ကိုကြီးဝံပုလွေအောင်လိုက်တဲ့အခါ ပြန်ပြီးအူကြတယ်။ အစ်ကိုကြီးဝံပုလွေက ငါ့ကိုနားထောင်ရတာအကြိုက်ဆုံးပဲ။ ငါဟောင်လိုက်တိုင်း သူကစိတ်လှုပ်ရှားတတ်တယ်။

ဒါကြောင့် ငါ့ရဲ့စကေးတွေနဲ့ သူ့ကိုနှစ်ခါခေါ်လိုက်တယ်။ အစ်ကိုကြီးဝံပုလွေက စောင့်ပိတ်လိုက်တဲ့ ဘရိတ်လိုမျိုး ဇဝေဇဝါနဲ့ဖြစ်သွားတယ်။ နောက်လိုက်ဝံပုလွေတွေက ရပ်ပြီးပစ်ကျသွားတဲ့ ဝံပုလွေဘုရင်ကိုချက်ချင်းကြည့်လိုက်ကြတယ်။ သူတို့က သားကောင်ကိုဆက်မလိုက်ကြတော့ဘူး။

တကယ်ကြီးလား။ ဒီစွမ်းအားကြီးက မျှော်လင့်ထားတာထက်ကိုကျော်လွန်နေပြီ။

အစ်ကိုကြီးဝံပုလွေက ပြေးထွက်သွားတဲ့ တောဆိတ်ကိုကြည့်လိုက်ပြီး ငါ့ကိုပြန်ကြည်လိုက်တယ်။ သူ့မျက်လုံးတွေက အဆွခံထားရတယ်။ နောက်ဆုံးမှာတော့ ဝံပုလွေအဖွဲ့က သမင်ပေါက်တစ်ကောင်ဖမ်းမိလိုက်တယ်။ အစာကျွေးနေတုံးမှာ ဝံပုလွေအမတွေက မရပ်ကြပဲ အစ်ကိုကြီးဝံပုလွေကိုတိတ်တဆိတ် ချည်းကပ်နေကြတယ်။ ငါဘယ်လိုလုပ်သည်းခံနိုင်မှာလဲ။ ​ခက်ထန်တဲ့အထီးတစ်ကောင်အနေနဲ့ သူမကို ဖျက်ဆီး(တိုက်ခိုက်)မပြစ်ပဲ အမြန်ပြေးသွားပြီး သူမ့အောက်ကိုလှိမ့်ဝင်လိုက်တယ်။(ဟယ်)

ဝံပုလွေအုပ်တစ်ခုလုံး တိတ်ဆိတ်သွားတော့တယ်။

ဝံပုလွေအမနဲ့ ငါလဲနည်းနည်းတော့ အကူညီမဲ့သွားတယ်။ ငါသတိထားမိသွားပြီး ပုန်းပစ်လိုက်ချင်တယ်။ တစ်နည်းနည်းနဲ့တော့ ငါ့ကိုယ်ငါထိန်းချုပ်ထားလိုက်တယ်။ ဝံပုလွေအုပ်တစ်ခုလုံး စားသောက်နေတာရပ်သွားပြီး ငါ့ကို ကြက်သေသေပြီး စိုက်ကြည့်လာကြတယ်။

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now