Chapter 6

3.1K 555 3
                                    

<Uni>

ခွေးလေးရဲ့ကြေကွဲစရာကောင်းတဲ့ဘဝ (၈)

ငါ အဝစားပြီးတဲ့နောက် ဝံပုလွေသားရဲတွင်းထဲ ကို ခဏလောက် ငါလျှောက်သွားလိုက်ပြီး ​လှောင်အိမ်အလွတ်တစ်ခုကိုတွေ့လိုက်ရတယ်။ ပြီးတော့ အဲ့တာက ငါ့လှောင်အိမ်ထက် ပိုကြီးတယ်လေ။

ငါ အစ်ကိုကြီးဝံပုလွေကို လှည့်ကြည့်လိုက်တယ်။ သူ အိပ်ချင်ယောင်ဆောင်နေတာလား အတည်အိပ်နေတာလားဆိုတာတော့ ငါမသိဘူး။ ရုတ်တရက် ငါသူ့အတွက် နည်းနည်းစိတ်မကောင်းဖြစ်မိသား။ အကုန်လုံးက ချုပ်နှောင်ခံနေရတာပဲ။

ငါ အစ်ကိုကြီးဝံပုလွေ ရဲ့ ဒဏ်ရာတွေကိုပြန်စဥ်းစားမိလိုက်တယ်။ အစ်ကိုကြီးဝံပုလွေက ကျိုးကြောင်းမစဥ်းစားပဲ သခင့်ကို မနာခံလို့ သခင်ရိုက်တာခံလိုက်ရတယ်လို့ပဲ ငါတွေးလိုက်မိတယ်။

ငါ ဝံပုလွေသားရဲတွင်းနဲ့ သခင်ဆီက ထွက်သွားချင်ပေမဲ့ ရုပ်တရက် နည်းနည်း စိတ်ရှုပ်ထွေးသလိုမျိုးခံစားလိုက်ရတယ်။ ဝံပုလွေသားရဲတွင်းထဲ မရောက်ခင်ကထိ ငါ့မှာ သခင်မရှိခဲ့ဘူးလေ။ ဘယ်နေရာကိုများ ငါသွားနိုင်အုံးမှာလဲ။

ငါ့ရဲ့ မီးခိုးရောင်ခေါင်းက ငိုက်စိုက်ကျနေပြီး အစ်ကိုကြီးဝံပုလွေဆီကနေ နှစ်မီတာအကွာမှာ ငါလှဲနေခဲ့တယ်။ ငါ ငါ့ရဲ့နောက်ခြေနှစ်ချောင်းကို ဆွဲဆန့်လိုက်တယ်။ ခွေးလှောင်အိမ်က အရမ်းသေးတော့ ငါ့ခြေထောက်တွေကို အမြဲကွေးထားရတာ။ ဒီသားရဲတွင်းကြီးက အရမ်းကို သက်တောင့်သက်သာရှိတာပဲကွာ။

ဝံပုလွေတွေကဘယ်လိုမျိုးဆိုတာကို အနီးကပ်သိလိုက်ရတယ်။ သူတို့က ခွေးတွေထက် နည်းနည်းမြင့်၊ နည်းနည်း ပိုပြီးရက်စက်ပြီး နည်းနည်းပိုချောတယ် ပြီးတော့ တခြားဟာတွေကတော့ ခွေးတွေနဲ့ဆင်တူတယ်။ ဒါတောင် သူတို့တွေ လူတွေရဲ့ထိန်းချုပ်မှုအောက်က မလွတ်နိုင်သေးဘူး။

ငါတို့ခွေးတွေက ပိုတော်ကြတာကြောင့် လူသားတွေနဲ့ သူငယ်ချင်းကောင်းဖြစ်လာခဲ့တာ။ အဲ့တော့ လူတွေက ငါတို့ကိုမကြောက်ကြပဲနဲ့ ငါတို့ကိုသဘောကျကြတယ်လေ။

ထပ်ပြောရရင် ခွေးတစ်ကောင်ရဲ့ အသက်က ဘယ်လောက်အရေးကြီးလို့လဲ။ အလိုလေး ငါက တကယ့်ကို သူရဲဘောကြောင်တဲ့ခွေးပါလား။ ဝံပုလွေတွေက ခွေးတွေရဲ့ ဘိုဘေးတဲ့လေ။ ဒါပေမဲ့ သူတို့မှာ ဂုဏ်သိက္ခာရှိတယ်။ ပြီးတော့ ဝံပုလွေတွေက အကြမ်းခံနိုင်တယ်လေ။ ဒူးထောက်ပေးတတ်တဲ့ သူတို့ကျွန် ခွေးတွေနဲ့မတူပဲ သူတို့က လူသားတွေဆန္ဒအတိုင်းနေမဲ့အစား အသေခံလိုက်မယ်ဆိုတာမျိုး။

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now