Chapter 10

2.9K 555 17
                                    

<Unicode>

အထီးကျန်ဝံပုလွေဘုရင်ကြီး၏ ချစ်ဇနီးလေး Daily 1

ဝံပုလွေက ခွေးလေးကို ဝံပုလွေသိုက်ရဲ့ အနက်ရှိုင်းဆုံးအထိခေါ်ဆောင်သွားခဲ့သည်။ သူက ခွေးလေးကို အသာယာချလိုက်ပြီး ထင်ရှားတဲ့ ဒဏ်ရာကိုလျက်ပေးလိုက်သည်။ သူလျက်လိုက်တဲ့အချိန်တိုင်း ခွေးလေး အနည်းငယ်တုန်ရီနေတာကို သူတွေ့ရပြီး သွေးပျစ်နှင့်ဒဏ်ရာက ကြောက်စရာကောင်းစွာပေါ်ပေါက်လာသည်။

ဝံပုလွေက တစ်ဝက်သေနဲ့ခွေးလေးကို(သေချင်ယောင်ဆောင်) စိုးရိမ်တကြီးနှက့် လှည့်ကြည့်လိုက်ပြီး ထသွားကာ ရှုပ်ထွေးနေတဲ့သစ်ရွက်တွေကိုယူဆောင်လာခဲ့ပြီး ခွေးလေးရဲ့ လည်ပင်းပေါ်ကိုတင်ထားလိုက်သည်။ ထုပ်ပိုးနေရမဲ့အစား လေကသစ်ရွက်တွေကို တိုက်ခတ်သွားတော့သည်။ ဝံပုလွေရဲ့မျက်လုံးတွေကလဲ မှိန်ကျသွားတော့၏။ သူ့အလွန်ကို စိတ်အနှောင့်ယှက်ဖြစ်နေရပြီ။ သူ ခွေးလေးကို ထပ်မံ စောင်းကြည့်လိုက်ပြီး သစ်ရွက်တွေနောက်လိုက်သွားတော့သည်။

သူ သစ်ရွက်တွေကို ထပ်မံဝါးလိုက်ပြီးနောက် ခွေးလေးရှေ့မှာ တံတိုင်းသဖွယ်ရပ်လိုက်ပြီး လည်ပင်းက ဒဏ်ရာပေါ်လာရန် သူ့ကိုဆွဲလိုက်သည်။ ဝံပုလွေက ဒဏ်ရာကိုလျက်လိုက်ကာ ခွေးလေးရဲ့ မီးခိုးရောင်မျက်နှာလေးကိုပါ လျက်ပေးလိုက်သည်။ အဆင်မပြေမှူတွေကို သူ့ပါးစပ်နဲ့အကုန် လျက်ပစ်ပေးလိုက်ချင်နေသယောင်ဖြစ်နေသည်။ (TN: အိုကွယ် အိုက်စ်)

ငါ့အပေါ်အရာအားလုံးပစ်ချသွားတဲ့ ဝံပုလွေက ကျေနပ်ခြင်းတွေနဲ့မျက်လုံးကိုမှိတ်သွားတယ်။ သူ စားသာစားလိုက်ရင် အနည်းဆုံးတော့ ငါ အမြဲတမ်းအိပ်သွားလို့ရတာပေါ့။

စောင့်ကြည့်မှတ်တမ်း ၆

မွေးမြူရေးသမား A: "ဝံပုလွေထွက်ပြေးသွားပြီး ရိုက်ကူးရေးအစီစဥ်ကျရှုံးတယ်။ ငါတို့ ပြန်ဆုတ်လိုက်လို့မရဘူးလား။"

မွေးမြူရေးသမား B: "ငါက ဝံပုလွေကို သူ့သင်းအုပ်ဆီ ကိုယ်တိုင်လိုက်ပို့ပြီး ပြိုင်ဘက်တွေကို အနိုင်ယူ သူတို့ခေါင်းဆောင်ပြန်ဖြစ်လာတာကိုကြည့်ချင်တာ။ ဒီလိုကောင်းတဲ့ ပွဲက လွတ်သွားပြီ။ ဆိုးရွားတာပဲ။"

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now