Chapter 18

2.5K 443 9
                                    

<Uni>



ခွေးလေးရဲ့ ကြေကွဲစရာကောင်းတဲ့ဘဝ

တိရစ္ဆာန်ရုံမှာ ငါအတွက်နေရာတစ်နေရာပိုင်ခဲ့ရလို့ အရမ်းကျေနပ်မိတယ်။ လူတွေအများကြီးဝန်းရံခံရမယ်လို့ မမျှော်လင့်ခဲ့ဖူးဘူး။ ပထမဆုံးလာတဲ့သူကငါ့ကို ဝက်အူချောင်းကျွေးတော့ ငါအရမ်းပျော်တာပဲ။ နောက်ထပ် နှစ်ယောက်သုံးယောက်လာပြီး သူတို့ရဲ့ ဝက်အူချောင်းလာကျွေးကြတော့လဲ ငါ တကယ်ကိုဂုဏ်ယူနေရတာပေါ့။ အကုန်လုံးက ငါ့ကို ဝက်အူချောင်းတွေစကျွေးကြတော့ ရိုးသွားပြီး နည်းနည်းတောင်ပျင်းသွားတယ်။ ငါ နောက်ထပ် ဝက်အူချောင်းတွေမစားနိုင်တော့ ပြီး ငါ့ကိုအေးစက်စက်မျက်လုံးတွေနဲ့ကြည့်နေပြီး အဝေးမှာဝပ်နေတဲ့ အစ်ကိုကြီးဝံပုလွေဆီ ပြေးသွားလိုက်တယ်။

ရုတ်တရက် ငါနောက် တစ်နေရာမှာ တစ်ယောက်ယောက်ရှိနေခဲ့တယ်။ ငါ့ကိုပြုံးပြနေတဲ့ လူတွေကိုလည်ပြန်ကြည့်လိုက်တယ်။ ငါနားမလည်နိုင်ပဲ အစ်ကိုကြီးဝံပုလွေဆီပဲ ဦးတည်ပြီးပြေးသွားလိုက်တော့တယ်။

ငါ အစ်ကိုကြီးဝံပုလွေရဲ့ရှေ့မှာ ဝက်အူချောင်းကိုချပေးလိုက်ပြီး သူ့ရဲ့ရှေ့ခြေကိုလျက်ပေးလိုက်တယ်။ "ဝုတ်ဝုတ်"

အစ်ကိုကြီးဝံပုလွေက သူ့သွားကြားထဲထည့်ဖို့တောင်မလုံလောက်တဲ့ ဝက်အူချောင်းကိုကြည့်လိုက်ပြီးနောက် စားချင်နေတဲ့ငါ့ကိုကြည့်လိုက်တယ်။ သူက ဝက်အူချောင်းကို စားလိုက်ပြီး ငါ့ကိုပုတ်တယ်လေ။ သူ့နောက်မှာလည်း အော်သံတွေနဲ့။

ငါ့ကို သူပုတ်လိုက်တဲ့အတိုင်း စက်ဝိုင်းပုံလှိမ့်လိုက်ပြီး ယုန်တွေနဲ့ကစားဖို့ သွားလိုက်တယ်။ အခုပိုင်း အစ်ကိုကြီးဝံပုလွေက စိတ်အခြေအနေမကောင်းဘူး။ ပြီးတော့အမြဲတမ်းလိုလို ကသိကအောက်ဖြစ်နေတယ်။ အဲ့တာကို ခဏလောက်တွေးနေလိုက်ပြီး ယုန်တစ်ကောင်ကို အစ်ကိုကြီးဝံပုလွေရဲ့အရှေ့ကိုချပေးလိုက်တယ်။

အစ်ကိုကြီးဝံပုလွေက ယုန်ကို အဝေး ရိုက်ပုတ်ထုတ်လိုက်ပေမဲ့ အဲ့တာကိုကြည့်တောင်ကြည့်မနေဘူး။ ငါပြေးသွားပြီး ယုန်ကို အစ်ကိုကြီးဝံပုလွေဆီထပ်ယူလာလိုက်တယ်။ အစ်ကိုကြီးဝံပုလွေက အဝေးကို ထပ်ပြီး ရိုက်ထုတ်လိုက်ပြန်ရော။

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now