Chapter 22

2.6K 481 6
                                    

<Uni>

ခွေးလေးရဲ့ကြေကွဲစရာကောင်းတဲ့ဘဝ (၂၆)

အစ်ကိုကြီးဝံပုလွေက ငါနဲ့မကစားတော့ ငါ့မှာ သူငယ်ချင်းလေးယုန်ပဲရှိတော့တယ်။ ငါဝိဥာဥ်(စိတ်)ပျောက်သွားပြီး ယုန်သိုက်ဆီကို ဦးတည်လျှောက်လာလိုက်တယ်။

ငါလမ်းမှားသွားတာကြောင့် မြစ်ကိုဖြတ်တဲ့အခါ ချော်ကျသွားတယ်။

ငါ့ တစ်ဘဝလုံး တစ်ခါမှရေမကူးဖူးပေမဲ့ သဘာဝကြောင့် ငါရေးကူးနိုင်တယ်လေ။ ငါ့ခန္ဓာကိုယ်က သူ့ဘာသာသူရွေ့သွားပြီး ငါ့မျက်လုံးတွေကတော့ ကြောက်ရွံနေလို့ပိတ်ဆို့ထားမိတယ်။ ရုတ်တရက် ငါထူးထူးဆန်းဆန်းကြီး ခံစားလိုက်ရတယ်။ မျက်လုံးတွေကိုဖွင့်လိုက်တော့ ငါ့ရှေ့မှာ ပေါ်လာမယ်လို့ မမျှော်လင့်ထားမိတဲ့အစ်ကိုကြီးဝံပုလွေကြောင့် လေပေါ်မှာ ပေါလောပေါ်နေတယ်။

လေထဲကိုဆွဲထုတ်ခံထားရတဲ့ ငါ့ရဲ့တုန်ခါနေတဲ့ခြေထောက်တွေကိုရပ်လိုက်တယ် (ယက်ကန်ယက်ကန်​​ဖြစ်​​နေသလိုပါ) ။ ငါ ခြေထောက်တွေကိုဘေးမှာ ကောင်းကောင်းမွန်မွန်ချထားလိုက်ပြီး အစ်ကိုကြီးဝံပုလွေကို နာခံစွာနဲ့ပဲ ကြည့်လိုက်တယ်။ အစ်ကိုကြီးဝံပုလွေက ငါ့ကို မြစ်ထဲ ပြန်ချလိုက်တယ်။

ဘာဖြစ်သွားမှန်းမသိလိုက်ခင်မှာပဲ ငါ့ကိုယ်ငါ မတ်တပ်ရပ်နေမိတယ်ဆိုတာတွေ့လိုက်ရပြီ။

မြစ်က ငါ့ရဲ့ဗိုက်လောက်မှာပဲ စီးဆင်းနေတယ်။ ငါအဆင်မပြေခဲ့ဘူးလေ။ ရေက မနက်ပါဘူး။ ငါထွက်တော့မလို့လုပ်ပေမဲ့ အစ်ကိုကြီးဝံပုလွေက ငါ့ကို မြစ်ထဲကနေခေါ်သွားတော့တယ်။

အစ်ကိုကြီးဝံပုလွေက ငါရဲ့ စိုရွဲနေတဲ့အမွေးတွေကို လျက်၊ လည်ပင်းကနေ မျက်လုံး(မျက်ခွံနေမှာပါ) တွေထိလျက်ပေးပြီးနောက်မှာ ငါ့လည်ပင်းကို ပြန်ရောက်သွားတယ်။ ငါ့နှလုံးသားထဲမှာယားယံလာပြီး ငါ ဒီဝံပုလွေကိုစွဲလမ်းနေမိသလို ခံစားလိုက်ရတယ်။

ငါက ရိုးဖြောင့်တဲ့ခွေးမဟုတ်တော့ဘူးဆိုတာကိုသတိထားမိသွားပြီး တုန်လှုပ်သွားမိတယ်။ (T/N: မဖြောင့်တော့ဘူး ကွေးတယ်လို့လဲအဓိပ္ပါယ်ရတယ်နော် O3O)

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now